ယခုနွေရာသီစျေးကွက်အတွင်း ကစားသမား အရောင်း၊ အငှားပြုလုပ်ခြင်းမှ ရီးယဲလ်မက်ဒရစ်ဒာသင်း ယူရိုသန်း (၇၀)နီးပါးရရှိထား

ယခုနွေရာသီစျေးကွက်အတွင်း ကစားသမား အရောင်း၊ အငှားပြုလုပ်ခြင်းမှ ရီးယဲလ်မက်ဒရစ်ဒာသင်း ယူရိုသန်း (၇၀)နီးပါးရရှိထား
Photos : Teams' Twitter
Photos : Teams' Twitter
Published 31 August 2020

ရီးယဲလ်မက်ဒရစ်အသင်းသည်  ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ကစားသမားများ အရောင်း၊ အငှားပြုလုပ်ခြင်းမှ ယူရို သန်း (၇၀)နီးပါးရရှိထားကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော် ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏အကယ်ဒမီကစားသမားတစ်ဦးဖြစ်သူ ညာနောက်ခံလူ ဟာကီမီအား အင်တာမီလန်အသင်းထံ ယူရို သန်း (၄၀)ဖြင့် ရောင်းချနိုင်ခဲ့ခြင်းအပါအဝင် ကစားသမား (၆)ဦး အရောင်း၊ အငှားပြုလုပ်ခြင်းအတွက် ယူရိုသန်း (၇၀)နီးပါး ရရှိထားခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက လူငယ်ကွင်းလယ်လူတစ်ဦးဖြစ်သည့် အော်စကာရိုဒရီဂွက်ဇ်အား ဆီဗီလာအသင်းထံ ယူရို (၁၃.၅)သန်း ဖြင့် ရောင်းချခဲ့သလို၊ နောက်ခံလူ ဟာဗီဆန်းချက်ဇ်ကို ဗယ်လာဒိုလစ်အသင်းထံ ယူရို (၃.၅)သန်းဖြင့်လည်းကောင်း၊ ကွင်းလယ်လူ ဂျော်ဂျီနှင့် တိုက်စစ်မှူး ဒါနီဂိုးမက်ဇ်တို့ကို လီဗန်တေးအသင်းထံ ယူရို(၅)သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ပြီး လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား ကူဘိုအား ဗီလာရီးယဲလ်အသင်းထံ အငှားချခြင်းမှ ယူရို (၂.၅)သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းအနေဖြင့် ယခုကဲ့သို့ ကစားသမားများရောင်းချခြင်း၊ အငှားချခြင်းမှ ဝင်ငွေများစွာရရှိထားသလို လက်ရှိတွင် ထပ်မံရောင်းချ၊ အငှားချမည့် ကစားသမားများစွာရှိနေရာ အပြောင်းအရွှေ့ဝင်ငွေမှာ ယခု ထက်ပိုမိုများပြားလာဖွယ်ရှိနေသည်။

လက်ရှိတွင် ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ စီဘယ်ယို့စ်၊ ရယ်ဂီလွန်၊ မာယိုရယ်လ်၊ မာရီယာနိုဒီယက်ဇ်နှင့် အော်ဒရီယိုဇိုလာတို့မှာ ရီးယဲလ်အသင်းမှ ထွက်ခွာရန် နီးစပ်နေသူများဖြစ်သည်။

 

Most Read

Most Recent