ချယ်လ်ဆီးကိုကိုင်တွယ်စဉ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုထံ ထည့်ဝင်ထားသည့်ငွေကြေးပြန်ရရန် ကွန်တီ ကြိုးပမ်းနေ

ချယ်လ်ဆီးကိုကိုင်တွယ်စဉ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုထံ ထည့်ဝင်ထားသည့်ငွေကြေးပြန်ရရန် ကွန်တီ ကြိုးပမ်းနေ
Photos : Getty Images
Photos : Getty Images
Published 26 August 2020

အဆိုပါကုမ္ပဏီကို HSBC ဘဏ်၏မန်နေးဂျင်းဒါရိုက်တာဟောင်း ဘော်ခီခီယိုက တည်ထောင်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ကွန်တီနှင့် ရင်းနှီးမြှုပ်နှံသူ အခြားခုနစ်ဦးက ကုမ္ပဏီအနေဖြင့် ကတိပေးထားသည့်အတိုင်း ငွေကြေးများ ပေးချေမှုမရှိသောကြောင့် ပြီးခဲ့သည့်လက တရားစွဲဆိုခဲ့သည်။ လက်ရှိတွင် ဘော်ခီခီယိုကို တရားရုံးက အာမခံပေးထား ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းနည်းပြ ကွန်တီသည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုထံ ထည့်ဝင်ထားသည့်ငွေကြေးကို ပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

၎င်းအနေဖြင့် ၂၀၁၆ မှ ၂၀၁၈ ကာလအတွင်း  Kidman Asset Management ကုမ္ပဏီသို့ ယူရို သန်း ၃၀ ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု အီတလီသတင်းများက ဖော်ပြခဲ့ကြသည်။ 

အဆိုပါကုမ္ပဏီကို HSBC ဘဏ်၏မန်နေးဂျင်းဒါရိုက်တာဟောင်း ဘော်ခီခီယိုက တည်ထောင်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ကွန်တီနှင့် ရင်းနှီးမြှုပ်နှံသူ အခြားခုနစ်ဦးက ကုမ္ပဏီအနေဖြင့် ကတိပေးထားသည့်အတိုင်း ငွေကြေးများ ပေးချေမှုမရှိသောကြောင့် ပြီးခဲ့သည့်လက တရားစွဲဆိုခဲ့သည်။ လက်ရှိတွင် ဘော်ခီခီယိုကို တရားရုံးက အာမခံပေးထား ခြင်းဖြစ်သည်။

ဘော်ခီခီယို၏ပေးရန်ရှိသည့် ငွေကြေးပမာဏမှာ ပေါင် ၄၇ သန်း ဝန်းကျင်ရှိပြီး လူဇင်ဘတ်အခြေစိုက် Palesa Sarl ကုမ္ပဏီကလည်း ဘော်ခီခီယိုထံမှ အကြွေး ပေါင် ၆ ဒသမ ၅ သန်း ရရန်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကွန်တီအပါအ ဝင် ရင်းနှီးမြှုပ်နှံသူများက သူတို့၏ငွေများကို HSBC ဘဏ်တွင် အာမခံထားရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း အမှန်တကယ်တွင်မူ ဘဏ်နှင့် မည်သည့်စာချုပ်မျှ ချုပ်ဆိုထားခြင်းမရှိကြောင်း သိရသည်။ 

တရားရုံးတွင် ကွန်တီပြသသော HSBC ဘဏ်မှ ပေးအပ်ထားသည်ဟူသည့် စာရွက်စာတမ်းသက်သေမှာလည်း အတုသာဖြစ် ကြောင်း ဗြိတိန်သတင်းစာ The Sun က ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent