ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 August 2020

■ လိုင်ယွန် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် သြဂုတ် ၂၀ ရက်၊ နံနက် ၁:၃၀ နာရီ)

မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ လိုင်ယွန်အတွက် အဓိကအားသာချက်ဖြစ်ခဲ့တာက ခံစစ်ပိုင်းနဲ့ ကွင်းလယ်အတွဲအစပ်လို့ ပြောရမယ်။ တိုက်စစ်ကတော့ (၃)ဂိုးရခဲ့ပေမယ့် အရမ်းအားကောင်းခဲ့တာမျိုးမဟုတ်ဘူး။ အခွင့်အရေးအနည်းငယ်ကို အပိုင်အသုံးချခဲ့ခြင်းကြောင့်ပါပဲ။ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးက Model တူတယ်လို့ ထင်ရပေမယ့် Version ကွဲတယ်။ ဘိုင်ယန်မြူးနစ်က မန်စီးတီးထက် အမှားနည်းပြီး၊ ပိုခိုင်မာတယ်။ ကွင်းလယ်က အလုပ်ကောင်းကောင်းလုပ်နိုင်သလို၊ တိုက်စစ်ပိုင်းကလည်း Clinical ဖြစ်တယ်။ အရေးအကြီးဆုံးအချက်ကတော့ ဘယ်လိုပြိုင်ဘက်ကိုမဆို မာမာကျောကျော တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်။ လိုင်ယွန်ခံစစ်ပိုင်းက မာဆယ်လို၊ မက်ဆာ၊ ဒီနိုင်းယာတို့ အလုပ်များမယ့်ပွဲဖြစ်ပြီး၊ ကွင်းလယ်ကတော့ ခံစစ်နဲ့ ချိတ်ဆက်ကစားပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားမှာပဲ။ ဒါပေမဲ့ အခွင့်အရေး ပိုနည်းသွားမယ်။ လိုင်ယွန်က ခံစစ် (၃)ဦးထိုင်ပြီး Wing Back တွေနဲ့ ကစားတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ သူတို့ တိုက်စစ်ကို ကျွံတာနဲ့ ဒေးဗီးစ်-ကင်မစ်ချ်တို့က ဒီနေရာတွေကနေ လိုင်ယွန်ကို ပြန်ဒုက္ခပေးလိမ့်မယ်။ ဒါကြောင့် တိုက်စစ်အတွက်ကစားတဲ့ Wing Back တွေထက် Full Back လိုကစားမယ့် Wing Back တွေပုံစံမျိုး မြင်ရနိုင်တယ်။ ပုံမှန်အားဖြင့် ဘိုင်ယန်မြူးနစ်ပွဲတွေမှာ သွင်းဂိုးတွေကို မြင်တွေ့ရလေ့ ရှိပေမယ့် ဒီပွဲကတော့ ခြားနားနေလိမ့်မယ်။ လိုင်ယွန်ရဲ့ ကစားဟန်အရရော၊ စုစည်းမှုကြောင့်ရော ဘိုင်ယန်မြူးနစ် ဂိုးတွေအများ ကြီး သွင်းတာမျိုး မြင်ရဖို့ မလွယ်ဘူး။ သရေကစားပြီး အချိန်ပိုဆွဲခေါ်  ဖို့ လိုင်ယွန်က ကြိုးစားမှာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်က မိနစ် (၉၀)အတွင်း အနိုင်ကစားဖို့တော့ ရှိပါတယ်။ (၂-ဝ၊ ၂-၁)လောက်ဖြစ်မယ်။ 

Most Read

Most Recent