ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 August 2020

မန်စီးတီး - လိုင်ယွန် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

မန်စီးတီးက တိုက်စစ်ဆင်မယ်။ လိုင်ယွန်က တန်ပြန်တိုက်စစ်ကစားမယ်ဆိုတာက ဒီပွဲမှာ မြင်ရနိုင်တဲ့ ပုံစံဖြစ်တယ်။ ဒီ အနေအထားမှာ မန်စီးတီးတိုက်စစ်ကို လိုင်ယွန်က တောင့်ခံနိုင်ပါ့မလားဆိုတဲ့အချက်နဲ့ လိုင်ယွန်သာ တန်ပြန်တိုက်စစ်ကို တ ကယ်ထိထိရောက်ရောက်ကစားနိုင်ရင် မန်စီးတီးခံစစ်က ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ ပြဿနာရှိတယ်။

မန်စီးတီးက ပိုကောင်း တဲ့အသင်းဆိုတာ ငြင်းစရာမလိုပေမယ့် တချို့ပွဲတွေမှာ ကောင်းနေလျက်နဲ့ အခွင့်အရေးတွေ ရနေပါလျက်နဲ့ မန်စီးတီး ရှုံးသွား ခဲ့ခြင်းက အရည်အသွေးမြင့်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ကြုံတွေ့ခဲ့လို့ဖြစ်ပြီး၊ လိုင်ယွန်က အဲ့ဒီလိုအသင်းမျိုးဖြစ်နေတယ်။ မနှစ် က ဒီနှစ်သင်း ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း အတူတူကျခဲ့ပြီး လက်ရှိအသင်းထက် ပိုကောင်းတဲ့ မန်စီးတီးကို လိုင်ယွန်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တဲ့အတွေ့အကြုံလည်း ရှိတယ်။ ဒီပွဲက လိုင်ယွန်နဲ့ မဟုတ်ဘဲ ဂျူဗင်တပ်စ်နဲ့ဆိုရင်တောင် အနိုင်အရှုံးရလဒ်ဆိုတာထက် ကစားဟန်အရဆိုရင် မန်စီးတီးအတွက် ပိုအကြိုက်တွေ့တဲ့ ပုံစံမျိုးဖြစ်တယ်။ ဂျူဗင်တပ်စ်ရဲ့ Pace က အားနည်းလွန်းလို့ မန်စီးတီးတိုက်စစ်ကစားသမားတွေ အကြိုက်ပဲ။ လိုင်ယွန်ကတော့ အားကောင်းပြီး မြန်တဲ့အသင်း မျိုးဖြစ်တယ်။ ဒါကြောင့် မန်စီးတီး ပိုကောင်းတာမှန်ပေမယ့် လွယ်ကူတဲ့ပွဲမျိုးမဟုတ်ဘူးလို့ ယူဆရတယ်။ အထူးသဖြင့် နှစ် ကျော့ကစားရတာမဟုတ်ဘဲ တစ်ကျော့တည်းနဲ့ အဖြေထုတ်ရတဲ့အခြေအနေကလည်း အသင်းကြီးတွေအတွက် ပိုပြီးအမှားမခံ သလို ဖြစ်စေတယ်။ ဒီလိုအနေအထားမှာတောင် ဘယ်သူနိုင်မလဲဆိုရင် မန်စီးတီးက အားကောင်းနေဆဲပါပဲ။ ဒါပေမဲ့ ခက်ခဲ လိမ့်မယ်။ (၂-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။

Most Read

Most Recent