ဘုန်းမောက်အသင်းတိုက်စစ်မှူး ဂျိုရှူအာကင်းကို ရောမမြို့ခံနှစ်သင်းဖြစ်သည့် လာဇီယိုနှင့် ရိုးမားအသင်းတို့ အပြိုင်ခေါ်ယူမည်

ဘုန်းမောက်အသင်းတိုက်စစ်မှူး ဂျိုရှူအာကင်းကို ရောမမြို့ခံနှစ်သင်းဖြစ်သည့် လာဇီယိုနှင့် ရိုးမားအသင်းတို့ အပြိုင်ခေါ်ယူမည်
Photos : Getty Images
Photos : Getty Images
Published 12 August 2020

ဂျိုရှူအာကင်းသည် ၂၀၁၅ ခုနှစ် ကတည်းက ဘုန်းမောက်အသင်းတွင် ကစားခဲ့ပြီး အသင်း၏ အမာခံကစား သမားတစ်ဦးဖြစ်သည်။ ဘုန်းမောက် အသင်းအတွက် (၁၆၁) ပွဲကစားထား ပြီး (၄၈) ဂိုးသွင်းယူထားသူလည်း ဖြစ်သည်။ 

ရောမမြို့ခံနှစ်သင်းဖြစ်သည့် လာဇီယိုနှင့် ရိုးမားအသင်းတို့သည် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားသော ဘုန်းမောက်အသင်းတိုက်စစ်မှူး ဂျို ရှူအာကင်းကို ခေါ်ယူရန်အပြိုင်ကြိုးပမ်းသွားဖွယ်ရှိနေကြောင်းသိရသည်။ 

အသက် (၂၈)နှစ်အရွယ် ဂျိုရှူအာကင်းကို အဆိုပါအသင်းနှစ်သင်းအပြင် မန်ယူနှင့် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ ဂျိုရှူအာကင်းသည် ၂၀၁၅ ခုနှစ် ကတည်းက ဘုန်းမောက်အသင်းတွင် ကစားခဲ့ပြီး အသင်း၏ အမာခံကစား သမားတစ်ဦးဖြစ်သည်။ ဘုန်းမောက် အသင်းအတွက် (၁၆၁) ပွဲကစားထား ပြီး (၄၈) ဂိုးသွင်းယူထားသူလည်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် ဘုန်းမောက်အသင်း တန်းဆင်းခဲ့ရသဖြင့် ဂျိုရှူအာကင်းသည် သူ၏အနာဂတ်ကို ပြန်လည်စဉ်းစားနေပြီး အသင်း ပြောင်းရွှေ့ဖွယ်ရှိနေသည်။ ဘုန်းမောက်အသင်းသည် ဂျိုရှူအာကင်းကို ရောင်းချဖြစ်ခဲ့ပါက အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းအထိ အလိုရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

Most Read

Most Recent