■ အန်ဆယ်လော့တီရဲ့ ရီးယဲလ်မက်ဒရစ်နဲ့ တတိယမြောက်ရာသီ 

■ အန်ဆယ်လော့တီရဲ့ ရီးယဲလ်မက်ဒရစ်နဲ့ တတိယမြောက်ရာသီ 
Photo: Getty Images
Photo: Getty Images
Published 31 May 2024
Hein Thant

ဒီနေ့ ရီးယဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရှိတယ်။ ဒွန်ကာလိုလို့ အမည်ပြောင်မှည့်ခေါ်ကြတဲ့ ရီးယဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီအတွက်တော့ ဒီတစ်ကြိမ်ဗိုလ်လုပွဲက သူ့ရဲ့နည်းပြဘဝ (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲပါပဲ။ အေစီမီလန်အသင်းနဲ့ (၃)ကြိမ်၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ (၃) ကြိမ်ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုရောက်လာခဲ့တဲ့ အန်ဆယ်လော့တီအတွက်တော့ ဂုဏ်ယူစရာပါပဲ။ သူ့ရဲ့ မက်ဒရစ်မြေသို့ တစ်ကျော့ပြန်ခရီးကလည်း ထင်ထားတာတွေထက်ကို ပိုအောင်မြင်နေတယ်လို့ပြောရမယ်။ အန်ဆယ်လော့တီဟာ ရီးယဲလ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန်ရောက်လာပြီးတဲ့နောက် (၃) ရာသီအတွင်းမှာပဲ  ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)ကြိမ် ရောက်တယ်။

 

Most Read

Most Recent