မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်နှင့် ယူဟိုင်ထောင် ယှဉ်ပြိုင်ကစားမည့် Chinese 8 Ball ပြိုင်ပွဲ တတိယနေရာလုပွဲကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်နှင့် ယူဟိုင်ထောင် ယှဉ်ပြိုင်ကစားမည့် Chinese 8 Ball ပြိုင်ပွဲ တတိယနေရာလုပွဲကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်
Photo: Ko Ar Ti Facebook
Photo: Ko Ar Ti Facebook
Published 12 August 2020

ပြိုင်ပွဲကျင်းပရေးသည် တတိယနေရာလုပွဲကို တစ်ရက်တည်းကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကျင်းပမည့်ရက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်ကစားသမား ချူဘင်ဂျီကို အရေးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်ပြီး တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 

Chinese 8 Ball ပြိုင်ပွဲ တတိယနေရာ လုပွဲကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ် ပြီး မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီနှင့် တရုတ်ကစားသမား ယူဟိုင်ထောင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးသည် တတိယနေရာလုပွဲကို တစ်ရက်တည်းကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကျင်းပမည့်ရက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်ကစားသမား ချူဘင်ဂျီကို အရေးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်ပြီး တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

"ပြိုင်ပွဲကျင်း ပရေးက တတိယလုပွဲကို တစ်ရက်တည်း ကစားရမယ်လို့ ပြောပါတယ်။ သြဂုတ် ၂၅ ရက်မှာ ကစားရမှာဖြစ်ပါတယ်။ အခု ဟန်ကျိုးမြို့ကို ပြန်ရောက်နေပြီး နောက်ထပ်ယှဉ်ပြိုင်ရမယ့်ပြိုင်ပွဲတွေအတွက် ပြင်ဆင်သွားမှာဖြစ် ပါတယ်။ ဗိုလ်လုပွဲမရောက်ခဲ့ပေမယ့် တတိယနေရာရအောင်တော့ ကြိုးစားမှာပါ။ ဆီမီးဖိုင်နယ်မှာ အခွင့်အရေးတွေမယူနိုင်ခဲ့လို့ ရှုံးနိမ့် ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာယူ ပြီး လာမယ့်ပွဲတွေမှာ အကောင်းဆုံးကြိုးစားမှာပါ"ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ 

ဘုန်းမြင့်ကျော်သည် တတိယလုပွဲတွင် ကစားရမည့် ယူဟိုင်ထောင်ကို အုပ်စုပွဲတွင် အနိုင်ရခဲ့ပြီး ထပ်မံအနိုင်ရရန် ကြိုးပမ်းရမည် ဖြစ်သည်။ ယူဟိုင်ထောင်သည် ဆီမီးဖိုင်နယ် တွင် ကျန်ယူဘိုကို အရေးနိမ့်ခဲ့၍ တတိယ လုပွဲသာ ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။ Chinese 8 Ball ပြိုင်ပွဲကို ဧပြီ ၁၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး လေးလကျော်ကြာကျင်းပ နေသည့်ပြိုင်ပွဲလည်းဖြစ်သည်။ ကျန်ယူဘိုနှင့် ချူဘင်ဂျီတို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲ ကျင်းပမည့်ရက်ကို ပြိုင်ပွဲကျင်းပရေးက ထပ်မံ ထုတ်ပြန်မည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် ပထမမှ စတုတ္ထအထိရရှိသည့် ကစားသမား များအား ဆုကြေးငွေများချီးမြှင့်မည်ဖြစ်ပြီး ပထမဆု မြန်မာငွေ ကျပ်သိန်း ၁၀၀၀ နှင့်ညီ မျှသည့် ပမာဏ၊ ဒုတိယဆု မြန်မာငွေ ကျပ် သိန်း ၆၀၀ နှင့်ညီမျှသည့် ပမာဏ၊ တတိယဆု မြန်မာငွေ ကျပ်သိန်း ၂၀၀ နှင့်ညီမျှသည့် ပမာဏ၊ စတုတ္ထဆု မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့်ညီမျှသည့် ပမာဏရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent