ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 5 August 2020

FC ကိုပင်ဟေဂင် - ဘာရှက်ဆီဟီ (မြန်မာစံတော်ချိန် သြဂုတ်လ ၅ ရက်၊ ည ၁၁:၂၅ နာရီ)

ကိုပင်ဟေဂင်က အိမ်ကွင်းအားနဲ့ကစားတတ်တဲ့အသင်း ဖြစ်ပေမယ့် ဘာရှက်ဆီဟီက ကစားသမားအင်အားသာပါတယ်။ ဘာရှက်ဆီဟီ သရေတော့ရမှာပါ။

ရှက်တာဒိုးနက် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၅ ရက်၊ ည ၁၁:၂၅ နာရီ)

အဝေးကွင်းဂိုးပြတ်နိုင်ပွဲကြောင့် လေဗာကူဆင်အတွက် ဖိအားမရှိတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ လေဗာကူဆင် အနိုင်ကစားဦးမယ်ထင်တယ်။

အင်တာမီလန် - ဂီတာဖေး (မြန်မာစံတော်ချိန် သြဂုတ်လ ၆ ရက်၊ နံနက် ၁:၃၀ နာရီ)

အင်တာမီလန်အသင်းက ရာသီအဆုံးသတ် (၃)ပွဲဆက် တိုက် အနိုင်ကစားပြီး စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် (၂)နေရာ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အင်တာမီလန်အသင်းမှာ အဓိကပြဿနာက ပွဲထွက်လူစာရင်းပိုင်းက လုံးဝတည် ငြိမ်မှုမရှိတာပါပဲ။ လက်ရှိမှာက ပိုလို့တောင်ဆိုးသွားတယ်။ တိုက်စစ်မှာ ဘယ်အတွဲကိုမှ မှန်းဆလို့မရတော့တဲ့အပြင် တစ်သင်းလုံးမှာ ပွဲထွက်နေရာ အာမခံချက်ရှိတာက ဟန်ဒါနိုဗစ်၊ ဒီဗရိုင်း၊ ဘက်စတိုနီ၊ ဘရိုဇိုဗစ်တို့လောက်ပဲရှိတယ်။ ဒီပွဲတော့ လူကာကူနဲ့ လော်တာရိုမာတီနက်ဇ်အတွဲပဲ တိုက်စစ်မှာ ပွဲ ထုတ်ဖို့များတယ်။ ဂီတာဖေးကတော့ Restart ကာလမှာ မယုံ ကြည်နိုင်လောက်အောက် ခြေစွမ်းအတော်လေး ကျဆင်း သွားတယ်။ လာလီဂါပွဲ (၁၁)ပွဲကစားရာမှာ (၁)ပွဲသာ အနိုင်ရ ခဲ့ပြီး သရေနဲ့ အရှုံးက ဆတူဖြစ်ခဲ့တယ်။ တိုက်စစ်ပိုင်းကလည်း နောက်ဆုံး(၆)ပွဲမှာ (၁)ဂိုးသာရတော့တဲ့အထိ အခြေ အနေ ဆိုးရွားခဲ့ရတယ်။ အင်တာမီလန်အသင်း နောက်ဆုံး ဖလား မျှော်လင့်ချက်အတွက် အနိုင်ကစားမှာပါ။

မန်ယူ - LASK (မြန်မာစံတော်ချိန် သြဂုတ်လ ၆ ရက်၊ နံနက် ၁:၃၀ နာရီ)

မန်ယူအသင်းနည်းပြ ဆိုးလ်ရှား အခုပွဲမှာ ကစားသမားပိုင်းကို အလှည့်အပြောင်းလုပ်သွားဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေတယ်။ မက်ဂွိုင်းရာ၊ ဖာနန်ဒက်စ်၊ လင်ဒီလော့ဖ်၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်နဲ့ ဒီဟေးယားတို့ကို အနားပေးနိုင်တယ်။ အခုပွဲက မန်ယူအသင်းအတွက် ရလဒ်ပိုင်းအရလည်း မလိုအပ်တော့ဘူး။ တစ်ဖက်မှာလည်း LASK အသင်းက ပထမအကျော့က (၀-၅)ဂိုးနဲ့ ရှုံးထားတဲ့ရလဒ်ကို ချေဖျက်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ ဖိဖိစီးစီးကစားပါ့ မလားဆိုတာ စဉ်းစားစရာပါ။ လူမစုံနိုင်ပေမယ့် မန်ယူကိုပဲ ပိုကြိုက်တယ်။

Most Read

Most Recent