ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမှုကို ဘရန်ဒန်ရော်ဂျာ ပြန်ပြောင်းပြောဆို

ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမှုကို ဘရန်ဒန်ရော်ဂျာ ပြန်ပြောင်းပြောဆို
Published 1 June 2020

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာသည် ပြီးခဲ့သည့်မတ်လအတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့်ပတ်သက်ပြီး ဝေဒနာ ခံစားခဲ့ရမှုကို ပြန်ပြောင်းပြောဆိုခဲ့သည်။

''ကျွန်တော် လမ်းလျှောက်ဖို့တောင် အတော်ခက်ခဲခဲ့ပါတယ်။ ဒီအခြေအနေက  Kilimanjaro မီးငြိမ်းတောင်တက်ခဲ့တာကို ပြန်ပြောင်းသတိရစေပါတယ်။ မတ်လ(၁၄)ရက် ဝက်ဖို့ဒ်နဲ့ကစားမယ့် ပွဲပျက်ခဲ့တဲ့ ရက်သတ္တပတ်အပြီးမှာ ကျွန်တော် ဝေဒနာစတင်ခံစားခဲ့ရတယ်။ အနံ့မရတာ၊ အရ သာမခံစားနိုင်တာက (၃)ပတ်လောက်ကြာပါ တယ်။ ကျွန်တော်စဖြစ်ပြီး တစ်ပတ်အကြာမှာ ဇနီးသည်လည်း ဒီဝေဒနာခံစားလာရတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး ဆေးစစ်မှုခံယူခဲ့ပြီး Positive အဖြေထွက်ခဲ့ပါတယ်''ဟု ဘရန်ဒန်ရော်ဂျာက BBC Radio Leicester သို့ ပြောကြားခဲ့သည်။

အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရန်ဒန်ရော်ဂျာသည် ပရီးမီးယားလိဂ်တွင် အာဆင်နယ်နည်းပြ အာတီတာပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ဝန်ခံခဲ့သည့် ဒုတိယမြောက်နည်းပြလည်း ဖြစ်သည်။

၎င်းသည် ၂၀၁၁ ခုနှစ်က ဆွမ်ဆီးအသင်းကို ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်တန်းတင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးပြီးနောက်  Kilimanjaro မီးတောင်သို့ အလှူရန်ပုံငွေရရှိရန် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်စတာအသင်းသည် လက်ရှိတွင် ဇွန်လလယ်၌ ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

ဘရန်ဒန်ရော်ဂျာစ်က ကစားသမားအားလုံး အတူတကွပြန်လာနိုင်သည့်အတွက် ထူးခြားလွန်းသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent