စီးရီးအေပြိုင်ပွဲကို ဇွန် ၂၀-၂၁ ရက်တွင် ပွဲကျန်လေးပွဲဖြင့် ပြန်လည်စတင်ရန် ကလပ်အသင်းအားလုံး သဘောတူညီမှုရရှိ

စီးရီးအေပြိုင်ပွဲကို ဇွန် ၂၀-၂၁ ရက်တွင် ပွဲကျန်လေးပွဲဖြင့် ပြန်လည်စတင်ရန် ကလပ်အသင်းအားလုံး သဘောတူညီမှုရရှိ
Photos: Getty Images
Photos: Getty Images
Published 31 May 2020

စီးရီးအေ ပြိုင်ပွဲကို ဇွန် ၂၀ ရက်တွင်စတင်ရန် အီတလီ အားကစားဝန်ကြီး စပါဒါဖိုရာက ခွင့်ပြုပေးခဲ့ပြီးနောက် ကလပ်အသင်း အားလုံးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ရာ ပွဲစဉ် ၂၅ မှ ပွဲကျန်လေးပွဲကို ဇွန် ၂၀-၂၁ ရက် နှင့် ပွဲစဉ် ၂၇ ကို ဇွန် ၂၂ ရက်မှစ၍ကျင်းပရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

စီးရီးအေပြိုင်ပွဲကို ဇွန် ၂၀-၂၁ ရက်တွင် ပွဲကျန်လေးပွဲဖြင့် ပြန်လည်စတင်ရန် ကလပ်အသင်းအားလုံး သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

စီးရီးအေ ပြိုင်ပွဲကို ဇွန် ၂၀ ရက်တွင်စတင်ရန် အီတလီ အားကစားဝန်ကြီး စပါဒါဖိုရာက ခွင့်ပြုပေးခဲ့ပြီးနောက် ကလပ်အသင်း အားလုံးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ရာ ပွဲစဉ် ၂၅ မှ ပွဲကျန်လေးပွဲကို ဇွန် ၂၀-၂၁ ရက် နှင့် ပွဲစဉ် ၂၇ ကို ဇွန် ၂၂ ရက်မှစ၍ကျင်းပရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် ၂၅ မှ ပွဲကျန်လေးပွဲမှာ အတ္တလန္တာ-ဆာဆူအိုလို၊ ဗီရိုနာ-ကာဂလီယာရီ၊ အင်တာမီလန်- ဆမ်ဒိုးရီးယား၊ တိုရီနို-ပါးမားတို့ဖြစ်သည်။ 

"ကလပ်အသင်း ၂၀ စလုံးပါဝင်တဲ့ ဗီဒီယိုကွန် ဖရင့်ကို ယနေ့ (မေ ၂၉ ရက်) ပြုလုပ်ခဲ့ပါတယ်။ ပွဲစဉ် ၂၅ ရဲ့ လေးပွဲကို ဇွန် ၂၀-၂၁ ရက်နဲ့ ပွဲစဉ် ၂၇ ကို ဇွန် ၂၂ ရက် တနင်္လာနေ့ကစပြီး ကျင်းပဖို့ ကန့်ကွက်မှုမရှိဘဲ သဘောတူညီမှု ရခဲ့ပါတယ်။ ပွဲကစားမယ့်ရက်နဲ့ အချိန်တွေ ကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမှာပါ" ဟု Lega Serie A ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent