MNL ပြိုင်ပွဲ ပြန်လည်စတင်နိုင်ခြင်းမရှိသေးသဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇွန်အစား ဇူလိုင်သို့ ထပ်မံပြောင်းလဲ

MNL ပြိုင်ပွဲ ပြန်လည်စတင်နိုင်ခြင်းမရှိသေးသဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇွန်အစား ဇူလိုင်သို့ ထပ်မံပြောင်းလဲ
Photo: YUFC
Photo: YUFC
Published 31 May 2020

MNL ကလပ်အသင်းများအနေဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုထားသည့် ကစားသမားများအား မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကာလတွင် ပထမဆုံးခေါ်ယူမှုအဖြစ် ရန်ကုန် ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက် အသင်းနှင့် လမ်းခွဲခဲ့သည့် လက်ရွေးစင် တောင်ပံကစားသမား ရန်နိုင်ဦးကို နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ဧပြီလဆန်းက စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို လတ်တလောပြန်လည်ကျင်းပနိုင်ခြင်းမရှိ သေးသောကြောင့် ရာသီဝက်အပြောင်းအရွှေ့ ကာလကို ဇွန်အစား ဇူလိုင်သို့ ထပ်မံပြောင်းလဲခဲ့ရကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီဝက်အပြောင်း အရွှေ့ကာလကို နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့ရ ပြီး ဇွန် ၁ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားသည့် အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်သို့ ထပ်မံပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ယခင်က ဧပြီ ၆ ရက်မှ မေ ၇ ရက် အထိ သတ်မှတ်ထားသော်လည်း ဇွန်လသို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုဒုတိယအကြိမ် ထပ်မံ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ် လိဂ်ကော်မတီသည် ရာသီဝက်အပြောင်း အရွှေ့ကာလ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ အကြောင်းကြားထားပြီး ပြိုင်ပွဲပြန်လည်စတင် နိုင်မည့်အပေါ် မူတည်ကြောင်း သိရသည်။  

MNL ကလပ်အသင်းများအနေဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုထားသည့် ကစားသမားများအား မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကာလတွင် ပထမဆုံးခေါ်ယူမှုအဖြစ် ရန်ကုန် ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက် အသင်းနှင့် လမ်းခွဲခဲ့သည့် လက်ရွေးစင် တောင်ပံကစားသမား ရန်နိုင်ဦးကို နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ဧပြီလဆန်းက စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်မည့် ကာလအပေါ် မူတည်၍ ရာသီဝက်အပြောင်း အရွှေ့ကာလကို သတ်မှတ်ထားခြင်းဖြစ် သည်။ လိဂ်ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ကစား သမားများ အပြောင်းအရွှေ့ပြုလုပ်ရန် ရာသီ မစတင်မီနှင့် ရာသီဝက်ကာလတွင် အပြောင်း အရွှေ့ကာလကို သတ်မှတ်လေ့ရှိပြီး မြန်မာ နေရှင်နယ်လိဂ်မှာမူ ရာသီဝက်မရောက်မီ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရပ်နား ထားရသဖြင့် ပြောင်းလဲနေရခြင်းဖြစ်သည်။ 

MNL ကလပ်အသင်းအများစုသည် ရာသီ ဝက်အပြောင်းအရွှေ့ကာလ သတ်မှတ်မည့် အပေါ်မူတည်၍ ကစားသမားသစ်ခေါ်ယူရန် စီစဉ်လျက်ရှိပြီး အသင်းအားလုံးနီးပါးမှာ ပြည်တွင်းကစားသမားသစ်များ ခေါ်ယူရန် စီစဉ်ထားသည်။ ထို့ပြင် အသင်းအချို့မှာ လည်း နိုင်ငံခြားသားကစားသမားများ အသစ် ခေါ်ယူခြင်းနှင့် ကစားသမားလဲလှယ်ခြင်း ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ သို့ သော် နိုင်ငံခြားသားကစားသမားလဲလှယ်ရန်မှာ ပြည်ဝင်ခွင့်ရရှိမှုအပေါ် မူတည်ကြောင်း သိရသည်။

Most Read

Most Recent