ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းကို ယနေ့ ပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းကို ယနေ့ ပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထား
Published 28 May 2020

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းကို ယနေ့ (မေ ၂၈ ရက်) တွင် ပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေး အစီအစဉ်၌ ထည့်သွင်းထားသည်။

ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး အစီအစဉ် အမှတ် (၈) တွင် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် ကိုယ်စားလှယ် အမည်စာရင်း တောင်းခံခြင်းဟူ၍ ဖော်ပြထားသည်။

ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်သွားမည်ဖြစ်ကြောင်း ကနဦး စုံစမ်းသိရသည်။

အဆိုပါ လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၄ ပုံ ၁ ပုံ၊ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးမှ လက်မှတ်ရေးထိုး အဆိုပြုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ပြုလုပ်လျက်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်ခြင်းမရှိဘဲ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent