ဘိုင်ယန်နှင့်ပွဲအတွက် ဆန်ချို၊ ဟမ်းမဲလ်နှင့် ဗစ်ဆဲလ်တို့အသင့်ရှိနေဟု ဒေါ့မွန်နည်းပြ ဆို

ဘိုင်ယန်နှင့်ပွဲအတွက် ဆန်ချို၊ ဟမ်းမဲလ်နှင့် ဗစ်ဆဲလ်တို့အသင့်ရှိနေဟု ဒေါ့မွန်နည်းပြ ဆို
Published 26 May 2020

ဘိုင်ယန်အသင်းနှင့်ယနေ့ကစားမည့်ပွဲအတွက် အဓိကကစားသမားများဖြစ်သည့် ဆန်ချို၊ ဟမ်းမဲလ်နှင့် ဗစ်ဆဲလ်တို့ အသင့်ရှိနေကြောင်း ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက မေလ ၂၅ ရက်ကပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

'' မတ်ဟမ်းမဲလ်က ကစားဖို့အဆင်ပြေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အိတ်ဇယ်(ဗစ်ဆဲလ်)ကလည်း မနေ့က အသင်းနဲ့အတူ ပြန်လေ့ကျင့်နေပြီး အသင်းလူစာရင်းမှာ ပါဝင်လာမှာပါ။ ဂျေဒန်(ဆန်ချို)က လေ့ကျင့်ရေးနည်းနေတယ်။ သူက အသင်းနဲ့ပြန်ပူးပေါင်းတာ (၁၀)ရက်ပဲရှိသေးတယ်။ ရှော်လ်ကေးနဲ့ပွဲမှာ သူ မိနစ်(၂၀)ကစားခဲ့တယ်။ ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ အနည်းငယ်ပိုကစားခဲ့တယ်။ သူ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်'' ဟု လူစီယန်ဖာက မှတ်ချက်ပြုခဲ့သည်။

ဟမ်းမဲလ်သည် စနေနေ့က ဝုလ်ဖ်ဘတ်အသင်းနှင့်ကစားသည့်ပွဲတွင် ခြေဖနောင့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည်။

ဟမ်းမဲလ်သည် ဘိုင်ယန်မြူးနစ်အသင်း၌ သုံးရာသီကြာကစားပြီးနောက် ပြီးခဲ့သည့်နှစ်နွေရာသီတွင် အသင်းဟောင်း ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့လာသူဖြစ်သည်။

ဆန်ချိုမှာ ပြီးခဲ့သည့်(၂)ပွဲတွင် ပွဲထွက်ကစားခွင့်မရခဲ့သော်လည်း ယနေ့ပွဲ၌ Line-up ဝင်ဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent