ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ သမိုင်းတစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် စံချိန်တင်

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ သမိုင်းတစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် စံချိန်တင်
Photos: Getty Images
Photos: Getty Images
Published 24 May 2020

၎င်းသည် ၂၀၁၉ သြစတြေးလျ အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပန်ပစိဖိတ်အိုးပင်းနှင့် တရုတ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲသာ ချန်ပီယံဆုထပ်မံရယူနိုင် ခဲ့သော်လည်း ကမ္ဘာကျော် တင်းနစ် အေဂျင်စီ IMG နှင့် လက်တွဲခွင့်ရခဲ့သလို Nike၊ Nissan Motor၊ Shiseido၊ Yonex စသည့်ကုမ္ပဏီ များနှင့်လည်း တစ်နှစ်လျှင် ဒေါ်လာ သန်းချီတန်ဖိုးရှိသည့် စပွန်ဆာစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

နာမည်ကြီး ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာသည် သမိုင်းတစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

တစ်နှစ်တာ ဝင်ငွေအကောင်း ဆုံး အားကစားသမားစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့် ကမ္ဘာကျော် Forbes အမေရိကန်စီးပွားရေးမဂ္ဂဇင်း၏ ဖော်ပြချက်အရ အိုဆာကာသည် ပြီးခဲ့သည့် ၁၂ လအတွင်း ဆုကြေး၊ စပွန်ဆာစာချုပ်၊ ကြော်ငြာ လုပ်ငန်း စသည့်ကဏ္ဍအသီးသီးမှ ဝင်ငွေစုစုပေါင်း ဒေါ်လာ ၃၇ ဒသမ ၄ သန်းရရှိခဲ့ပြီး သမိုင်းတစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီး ကစားသမားအဖြစ် စံချိန်သစ်တင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၂၂ နှစ်ရှိပြီဖြစ်သည့် နာအို မီအိုဆာကာသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂၉ ဒသမ ၇ သန်းရရှိခဲ့ သည့် ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာ၏စံချိန်ကိုကျော်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ 

နာအိုမီ အိုဆာကာသည် ၂၀၁၈ ယူအက်စ် အိုးပင်းနှင့် ၂၀၁၉ သြစတြေးလျ အိုးပင်း ဂရင်းစလင်းပြိုင်ပွဲနှစ်ပွဲဆက် တိုက် အနိုင်ရဗိုလ်စွဲပြီးနောက် ကမ္ဘာ့ အဆင့် ၁ နေရာ ရပ်တည်နိုင်သည့် ပထမဆုံး အာရှတင်းနစ်ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ထိပ်တန်း စီးပွားရေးလုပ်ငန်းများစွာနှင့်လည်း လက်တွဲခွင့်ရခဲ့သည်။ ၎င်းသည် ၂၀၁၉ သြစတြေးလျ အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပန်ပစိဖိတ်အိုးပင်းနှင့် တရုတ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲသာ ချန်ပီယံဆုထပ်မံရယူနိုင် ခဲ့သော်လည်း ကမ္ဘာကျော် တင်းနစ် အေဂျင်စီ IMG နှင့် လက်တွဲခွင့်ရခဲ့သလို Nike၊ Nissan Motor၊ Shiseido၊ Yonex စသည့်ကုမ္ပဏီ များနှင့်လည်း တစ်နှစ်လျှင် ဒေါ်လာ သန်းချီတန်ဖိုးရှိသည့် စပွန်ဆာစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

ဟေတီ- အမေရိကန်နိုင်ငံသား ဖခင်နှင့် ဂျပန် နိုင်ငံသူ မိခင်တို့မှ မွေးဖွားခဲ့သူ နာအိုမီအိုဆာကာသည် ဂျပန်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သောကြောင့် အာရှဒေသတွင်း၌ ရေပန်းစားမှု တစ်ရှိန်ထိုးမြင့်တက်သွားပြီး All Nippon Airways၊ Nissin Foods ကုမ္ပဏီများနှင့်လည်း လက်တွဲခွင့်ရခဲ့သည်။ ၎င်းသည် Forbes မဂ္ဂဇင်းက ယခုတစ်ပတ် ထုတ်ပြန်မည့် ၂၀၂၀ တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် အဆင့် ၂၉ နေရာ ရပ်တည်နိုင်ခဲ့ပြီး ဂရင်းစလင်းချန် ပီယံဆု ၂၃ ခုပိုင်ရှင် ၀ါရင့်အမေရိ ကန်တင်းနစ်မယ် ဆရီနာဝီလျံက ဒေါ်လာ ၃၆ သန်းဖြင့် အဆင့် ၃၃ နေရာ ရပ်တည်ခွင့်ရခဲ့သည်။

ယင်းကဲ့သို့ တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံး အားကစားသမား ၁၀၀ စာရင်းတွင် အမျိုးသမီးကစား သမားနှစ်ဦး ပြန်လည်ပါဝင်ခွင့်ရခြင်း မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမ ဆုံးအကြိမ်ဖြစ်သည်။ Forbes မဂ္ဂဇင်း သည် ယင်းစာရင်းကို ၁၉၉၀ ပြည့် နှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်ပေးခဲ့ပြီး ၂၁ နှစ်အတွင်း အမျိုးသမီးကစား သမားများအနက် ဝင်ငွေအကောင်း ဆုံးအဖြစ် တင်းနစ်မယ်များကသာ ထိပ်ဆုံးနေရာ၌ နှစ်စဉ်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံး ဆယ်စုနှစ်အတွင်း ရှာရာပိုဗာက ငါးနှစ်ဆက်တိုက်နှင့် ဆရီနာဝီလျံ က လေးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent