Ar K Club က ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမားဘုန်းမြင့်ကျော် (ခ) မောင်မောင် စတုတ္ထနေရာသာရရှိ

Ar K Club က ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမားဘုန်းမြင့်ကျော် (ခ) မောင်မောင် စတုတ္ထနေရာသာရရှိ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 24 May 2020

ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်၊ ၁၆ ဦးအဆင့်နှင့် ကွာတား ဖိုင်နယ်အဆင့်တွင် အခက်အခဲမရှိ အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ တရုတ်လက် ရွေးစင်ကစားသမားကို ၉-၁၁ ပွဲဖြင့် အရေး နိမ့်သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သလို တတိယနေရာလုပွဲတွင်လည်း ထပ်မံအရေး နိမ့်သောကြောင့် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင်ကစားသမားနှစ်ဦး တွေ့ဆုံခဲ့ပြီး ဘုန်းမြင့်ကျော်ကို အနိုင်ရသည့်ကစားသမားမှာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) မောင်မောင် (ခ) အားတီသည် Ar K Club က ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ စတုတ္ထ နေရာသာရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၂ ရက် အထိ ကျင်းပခဲ့ပြီး ဘုန်းမြင့်ကျော်မှာ ၃၂ ဦး အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀၀ ကျော် ယှဉ်ပြိုင်ခဲ့သော ကြောင့် လက်ရည်စစ်ပွဲကို နှစ်ရက်ကြာကျင်းပခဲ့ပြီး တရုတ်လက်ရွေးစင်ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် တရုတ်ကစားသမားများသာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ပကစားသမားအဖြစ် ဘုန်းမြင့်ကျော်တစ်ဦးတည်း ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲမှာ 8 Ball ပြိုင်ပွဲဖြစ်သော်လည်း 9 Ball ကစားသည့်ခုံဖြင့် ယှဉ်ပြိုင်ရသောကြောင့် ပြိုင်ပွဲဝင်ကစားသမားများ အခက်တွေ့သည့်ပြိုင်ပွဲဖြစ်ခဲ့ပြီး ဘုန်းမြင့်ကျော်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိသာ အမြင့်ဆုံး တက်ရောက်နိုင်ခဲ့သည်။ 

ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်၊ ၁၆ ဦးအဆင့်နှင့် ကွာတား ဖိုင်နယ်အဆင့်တွင် အခက်အခဲမရှိ အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ တရုတ်လက် ရွေးစင်ကစားသမားကို ၉-၁၁ ပွဲဖြင့် အရေး နိမ့်သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သလို တတိယနေရာလုပွဲတွင်လည်း ထပ်မံအရေး နိမ့်သောကြောင့် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင်ကစားသမားနှစ်ဦး တွေ့ဆုံခဲ့ပြီး ဘုန်းမြင့်ကျော်ကို အနိုင်ရသည့်ကစားသမားမှာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲမှာ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် ပွဲငယ် ၂၁ ပွဲသာ ယှဉ်ပြိုင်ကစားရပြီး ၁၁ ပွဲ အနိုင်ရသည့်ကစားသမား နိုင်ပွဲရရှိခြင်းဖြစ်သည်။ 

ယင်းပြိုင်ပွဲမှာ Ar K Club က ကျင်းပသည့်ပြိုင်ပွဲဖြစ်သောကြောင့် ဆုကြေးငွေ မြင့်မားခြင်းမရှိဘဲ ဆုကြေးအဖြစ် ပထမဆု မြန်မာငွေ ကျပ်သိန်း ၆၀၊ ဒုတိယဆု မြန်မာ ငွေ ကျပ်သိန်း ၂၀၊ တတိယဆု မြန်မာငွေ ကျပ် ၁၀ သိန်း၊ စတုတ္ထဆု မြန်မာငွေကျပ် လေးသိန်းနှင့် ညီမျှသည့်ပမာဏသာ ချီးမြှင့်ခဲ့သည်။ Ar K Club သည် ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားပြီး တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော်လည်း အုပ်စုနောက်ဆုံးပွဲကစားရမည့်ရက် လိုသေးသဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ဧပြီလမှစတင်ကာ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး Chinese 8 Ball ပြိုင်ပွဲမတိုင်မီ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် 8 Ball ပြိုင်ပွဲနှစ်ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ယခုလတွင်လည်း ဟန်ကျိုးမြို့၌ ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲသုံးခုတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း တတိယတစ်ကြိမ်၊ စတုတ္ထတစ်ကြိမ်ရခဲ့ပြီး ကျန်ပြိုင်ပွဲတစ်ခုတွင်မူ ၁၆ ဦး အဆင့်မှ ထွက်ခဲ့ရသည်။ ဘုန်းမြင့်ကျော်သည် မေ ၃၁ ရက်တွင် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် အုပ်စုနောက်ဆုံးပွဲအဖြစ် တရုတ်ကစားသမား ချူဘင်ဂျီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ အုပ်စုပွဲအားလုံး ရာနှုန်းပြည့်အနိုင်ရထားသည်။

Most Read

Most Recent