ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ကစားသမားများ လစာငွေမြင့်မားခြင်းက ဘာစီလိုနာအသင်းကို အခက်တွေ့စေကြောင်း Marca ဖော်ပြ

ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ကစားသမားများ လစာငွေမြင့်မားခြင်းက ဘာစီလိုနာအသင်းကို အခက်တွေ့စေကြောင်း Marca ဖော်ပြ
Published 23 May 2020

ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအ ကျပ်အတည်းကို ဖြေရှင်းရာတွင် အသင်းကစားသမားများ၏ လစာငွေမြင့်မားခြင်းက အခက်တွေ့ စေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းကစားသ မားများကို တစ်နှစ်လစာ ယူရိုသန်း (၆၃၀) ပေး ချေနေရပြီး ယင်းမှာ အသင်းဝင်ငွေ ယူရို (၁.၀၄၇) ဘီလီယံ၏ (၆၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ကို ရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများ မကစားရသည့် (၂)လကျော် ကာလအတွင်း ဝင်ငွေ ယူရိုသန်း (၂၀၀) ခန့် နစ်နာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ကစားသမားများ လစာပေးချေရမှုမှာ အသင်းဝင် ငွေ၏ (၈၀)ရာခိုင်နှုန်းအထိ ဖြစ်လာမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာ ရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ရန်အတွက် အသင်းကစားသမားများအား ကပ်ဘေးကာလတွင်  လစာငွေ (၇၀)ရာခိုင်နှုန်းအထိ ဖြတ်တောက်ထားပြီးဖြစ်သည်။

သို့သော် ယင်းဖြတ်တောက်မှုမှာ ဘာ စီလိုနာအသင်းအတွက် အသင်းဘဏ္ဍာရေးအ ကျပ်အတည်းကိုဖြေရှင်းရန် မဖြစ်နိုင်သေးကြောင်း  Marca က ဖော်ပြခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် လာမည့် နွေရာသီအပြောင်းအရွှေ့တွင် အသင်းရှိ လစာမြင့် ကစားသမားများဖြစ်သည့် ကော်တင်ဟို၊ ဒမ်လီလီ၊ ရာကီတစ်၊ အမ်တီတီတို့အပါအဝင် ကစားသမား အချို့ကို ရောင်းချရန်စီစဉ်နေကြောင်း သိရသည်။

သို့သော် အဆိုပါကစားသမား၏ လစာငွေပမာဏ မှာ မြင့်မားသဖြင့် ရောင်းချရန်ခက်ခဲနိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent