လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်အသင်း အစွမ်းကုန်ကြိုးစားသွားမည်ဟု ရိုဒရီဂို ဆို

လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်အသင်း အစွမ်းကုန်ကြိုးစားသွားမည်ဟု ရိုဒရီဂို ဆို
Photos: Real Madrid
Photos: Real Madrid
Published 23 May 2020

ရီးယဲလ်လူငယ်တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုက မိမိတို့အနေဖြင့် ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်လူငယ်တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုက မိမိတို့အနေဖြင့် ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် လာလီဂါပြိုင်ပွဲကို ဇွန်လလယ်ပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေပြီး လာလီဂါအသင်းများမှာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေကြပြီ ဖြစ်သည်။ 

ရိုဒရီဂိုက မိမိတို့အနေဖြင့် လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရိုဒရီဂိုက "Quarantine ကာလမှာကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြည့်ဝဖို့အတွက် ကျွန်တော် လေ့ကျင့်ခဲ့သလို၊ အခုအချိန်မှာလည်း ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။ လာလီဂါပြိုင်ပွဲ ပြန်လည်ကစားမှာကို ကျွန်တော်တို့ အားလုံး သိပြီးသားပါ။ ပြိုင်ပွဲပြန်လည် စတင်ချိန်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ကပ်ဘေးကြောင့် ယခုရာသီ လာလီဂါပြိုင်ပွဲမရပ်နားမီ ပွဲစဉ် (၂၇)အပြီးတွင် ဘာစီလိုနာအသင်းက ရမှတ် (၅၈)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ရီးယဲလ်အသင်း(၅၆ မှတ်)က (၂)မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ 

Most Read

Most Recent