အူဘာမီယန်းအား ပေါင် (၄၅)သန်းဖြင့် ခေါ်ယူရန် PSG အသင်း စီစဉ်

အူဘာမီယန်းအား ပေါင် (၄၅)သန်းဖြင့် ခေါ်ယူရန် PSG အသင်း စီစဉ်
Photos: Getty Images
Photos: Getty Images
Published 22 May 2020

PSG အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား ပေါင် (၄၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ Le10sport က ဖော်ပြခဲ့သည်။

PSG အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား ပေါင် (၄၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ Le10sport က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင်  ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၂၀၂၀-၂၁ ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အူဘာမီယန်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းထုတ်သွားရန် ပြင်ဆင်နေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

အူဘာမီယန်းအား ခေါ်ယူရန် အင်တာမီလန်နှင့် ဘာစီလိုနာအသင်းတို့ စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယခုအခါ PSG အသင်းပါ ပါဝင်လာခြင်းဖြစ်သည်။ 

PSG အသင်းသည် အင်တာမီလန်အသင်းမှ တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီကို အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိပါက အူဘာမီယန်းကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ 

Le10sport ၏ ဖော်ပြချက်အရ PSG အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအတွက် ပေါင် (၃၆)သန်းမှ ပေါင် (၄၅)သန်းအထိ အသုံးပြုသွားရန် အသင့်ရှိနေကြောင်း သိရသည်။ 

အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၇)ပွဲတွင် (၆၁)ဂိုး သွင်းယူထားပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၂)ပွဲတွင် ဂိုး (၂၀) သွင်းယူပေးထားသည်။

Most Read

Most Recent