ဘာစီလိုနာတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရနိုင်သည်ဟု လော်တာရိုမာတီနက်ဇ်ကို ကာပယ်လို သတိပေး

ဘာစီလိုနာတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရနိုင်သည်ဟု လော်တာရိုမာတီနက်ဇ်ကို ကာပယ်လို သတိပေး
Photo: Getty Images
Photo: Getty Images
Published 22 May 2020

အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားမည်ဆိုပါက ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရနိုင်ကြောင်း သတိပေးခဲ့သည်။ 

အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားမည်ဆိုပါက ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရနိုင်ကြောင်း သတိပေးခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်း၌ ခြေစွမ်းပြနေသည့် အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ပစ်မှတ်ထားနေပြီး ယင်းအပြောင်းအရွှေ့မှာဖြစ်မြောက်လာဖွယ်ရှိကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

ကာပယ်လိုက လော်တာရိုမာတီနက်ဇ်မှာ ကစားသမားကောင်းတစ်ဦးဖြစ်သော်လည်း ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရဖွယ်ရှိနေကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ကာပယ်လိုက "လော်တာရိုမာတီနက်ဇ်က အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူ့မှာ စွမ်းရည်တွေ အများကြီးရှိပြီး အရမ်းမြန်သလို၊ အဆုံးသတ်ပိုင်းမှာလည်း ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကို သွားမယ်ဆိုရင်တော့ သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဘာစီလိုနာအသင်းက သူ့ကို တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ တွဲပြီး ပွဲထုတ်ဖို့ အရမ်းခက်ပါလိမ့်မယ်။ လော်တာရိုမာတီနက်ဇ်အနေနဲ့ ဘာစီလိုနာအသင်းမှာ လူစားဝင်ကစားသမားအဖြစ် ကစားမယ့်အစား အင်တာမီလန်အသင်းမှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ဆက်ကစားတာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

လော်တာရိုမာတီနက်ဇ်သည် ၂၀၁၈ ခုနှစ်တွင် အာဂျင်တီးနားကလပ် ရေဆင်းအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၆)ပွဲတွင် (၂၅)ဂိုး သွင်းယူထားသည်။ 

ထို့ပြင် လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၆)ဂိုး သွင်းယူထားသည်။

Most Read

Most Recent