ပရီးမီးယားလိဂ်စျေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် Castore  ကုမ္ပဏီ ပစ်မှတ်ထားနေ

ပရီးမီးယားလိဂ်စျေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် Castore  ကုမ္ပဏီ ပစ်မှတ်ထားနေ
Photos: Getty Images
Photos: Getty Images
Published 20 May 2020

Castore သည် တွမ်ဘီအာဟွန်းနှင့် ဖီးလ်ဘီအာဟွန်းတို့ ညီအစ်ကိုနှစ်ဦး ပူးပေါင်းတည်ထောင်ထားသည့် ဗြိတိန်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရိန်းဂျားစ်အသင်းနှင့် ပေါင်(၂၅)သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့သည်။ 

အရည်အသွေးမြင့် အားကစားဝတ်စုံများကို ထုတ်လုပ်ရောင်းချနေသည့် Castore ကုမ္ပဏီသည် ပရီးမီးယားလိဂ် စျေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

Castore သည် တွမ်ဘီအာဟွန်းနှင့် ဖီးလ်ဘီအာဟွန်းတို့ ညီအစ်ကိုနှစ်ဦး ပူးပေါင်းတည်ထောင်ထားသည့် ဗြိတိန်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရိန်းဂျားစ်အသင်းနှင့် ပေါင်(၂၅)သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့သည်။ 

၎င်းတို့က စျေးကွက်ကို ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး လာမည့်(၂)နှစ်အတွင်း ပရီးမီးယားလိဂ်အသင်းနှစ်သင်းနှင့် ပူးပေါင်းနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ တွမ်ဘီအာဟွန်းက " ဖြစ်နိုင်ရင်တော့ ပရီးမီးယားလိဂ်အသင်း(၂)သင်း၊ လာလီဂါ(၁)သင်းနဲ့ စီးရီးအေ(၁)သင်းကို (၁၂)လ ဒါမှမဟုတ် (၂၄)လအတွင်းမှာ လက်တွဲနိုင်အောင် ကြိုးစားနေပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent