တံခါးပိတ်ပွဲများကစားချိန်တွင် အသင်းပရိသတ်များအနေဖြင့် ကွင်းနှင့်အဝေးဆုံးတွင်နေရန် မန်ယူအသင်း သတိပေး

တံခါးပိတ်ပွဲများကစားချိန်တွင် အသင်းပရိသတ်များအနေဖြင့် ကွင်းနှင့်အဝေးဆုံးတွင်နေရန် မန်ယူအသင်း သတိပေး
Photos: Getty Images
Photos: Getty Images
Published 20 May 2020

မန်ယူအသင်းအနေဖြင့် လက်ကျန်ပွဲစဉ်များကို ကွင်းပိတ်ကစားရရန် သေချာနေသောကြောင့် တစ်ရာသီစာလက်မှတ်ဝယ်ယူထားသူများကိုလည်း လက်ကျန်ပွဲ အရေအတွက်အတိုင်း ငွေပြန်အမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဘောလုံးရာသီ လက်ကျန်ပွဲစဉ်များကို တံခါးပိတ်ကစားရလျှင် အသင်းပရိသတ်များအနေဖြင့် ကွင်းနှင့်အဝေးဆုံးတွင်နေရန် မန်ယူအသင်းက သတိပေးခဲ့သည်။ မန်ယူအသင်းသည် အသင်းပရိသတ်များထံသို့ပေးပို့ ခဲ့သည့် အီးမေးလ်တွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ကွင်းအတွင်းတွင် ယူနိုက်တက်အသင်း၏ပွဲစဉ်များကို မစောင့်ကြည့်ရသဖြင့် စိတ်ပျက်မှုကို အသင်းအနေဖြင့် ဝေမျှခံစားရပြီး  နေအိမ်၌နေကာ ဘေးကင်းလုံခြုံမှုနှင့်အတူ သက်သောင့်သက်သာရှိစွာဖြင့် အသင်းအ ပေါ် သစ္စာရှိရှိဆက်လက်အားပေးသွားရန် တိုက်တွန်းပါကြောင်း၊ ပရီးမီးယားလိဂ်နှင့် မိတ်ဖက်မီဒီယာများသည် အသင်း၏ပွဲစဉ်များကို အကောင်းဆုံးရုပ်သံတင်ဆက်မှုဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ အသင်းက စားမည့် ပွဲရှိသည့်နေ့များတွင် မည်သည့်ကွင်းကိုမျှ မသွားရောက်ဘဲ ပူးပေါင်းဆောင်ရွက်ရန်နှင့် အစိုးရ၏ညွှန်ကြားချက်ကို လိုက်နာပြီး နေအိမ်မှသာ အားပေးခြင်းဖြင့် မိတ်ဆွေများ၊ မိသားစုနှင့် ယူနိုက်တက်ပရိသတ်အားလုံး ဘေးကင်းရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်စေလိုကြောင်း စသဖြင့် မန်ယူအသင်းက အသင်းပရိသတ်များထံပေးပို့သည့် အီမေးလ်များတွင် အထက်ပါအတိုင်း ရေးသားခဲ့သည်။ 

ထို့ပြင် မန်ယူအသင်းအနေဖြင့် လက်ကျန်ပွဲစဉ်များကို ကွင်းပိတ်ကစားရရန် သေချာနေသောကြောင့် တစ်ရာသီစာလက်မှတ်ဝယ်ယူထားသူများကိုလည်း လက်ကျန်ပွဲ အရေအတွက်အတိုင်း ငွေပြန်အမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent