ဘယ်လ်ဂျီယံလိဂ်ဖျက်သိမ်းကြောင်း အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပြီး ကလပ်ဘရုဂေးအသင်း ချန်ပီယံဆုရရှိ

ဘယ်လ်ဂျီယံလိဂ်ဖျက်သိမ်းကြောင်း အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပြီး ကလပ်ဘရုဂေးအသင်း ချန်ပီယံဆုရရှိ
Photos: Getty Images
Photos: Getty Images
Published 17 May 2020

၂၀၁၉-၂၀၂၀ ရာသီ ဖျက်သိမ်းရန် လိဂ်ပြိုင်ပွဲဘုတ်အဖွဲ့က ဧပြီ ၂ ရက်ကတည်းက အဆိုပြုထားပြီး ဥရောပလိဂ်ပြိုင်ပွဲများအနက် ဖျက်သိမ်းရန် ပထမဆုံးကြေညာသည့်ပြိုင်ပွဲ ဖြစ်သည်။ သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတိပေးမှုကြောင့် ဖျက်သိမ်းကြောင်း အတည်ပြုရန် ကြန့်ကြာနေပြီး သုံးကြိမ်မြောက် ရွှေ့ဆိုင်းပြီးမှသာ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဘယ်လ်ဂျီယံပထမတန်းပြိုင်ပွဲ ဖျက်သိမ်းကြောင်း အတည်ပြုနိုင်ခဲ့ပြီး မူလဆုံးဖြတ်ထားသည့်အတိုင်း ကလပ်ဘရုဂေးအသင်းအား ချန်ပီယံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ရာသီ ဖျက်သိမ်းရန် လိဂ်ပြိုင်ပွဲဘုတ်အဖွဲ့က ဧပြီ ၂ ရက်ကတည်းက အဆိုပြုထားပြီး ဥရောပလိဂ်ပြိုင်ပွဲများအနက် ဖျက်သိမ်းရန် ပထမဆုံးကြေညာသည့်ပြိုင်ပွဲ ဖြစ်သည်။ သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတိပေးမှုကြောင့် ဖျက်သိမ်းကြောင်း အတည်ပြုရန် ကြန့်ကြာနေပြီး သုံးကြိမ်မြောက် ရွှေ့ဆိုင်းပြီးမှသာ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယခုဆုံးဖြတ်ချက်အရ ပုံမှန်ရာသီပြီးဆုံးရန် တစ်ပွဲအလိုတွင် ၁၅ မှတ် အသာဖြင့် ဦးဆောင်နေသည့် ကလပ်ဘရုဂေး အသင်းက ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။ 

ဒုတိယနေရာမှ KAA ဂျန့်အသင်းက ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့်နှင့် တတိယ နေရာမှ ချာလီရွိုင်းအသင်းက ယူရိုပါလိဂ် အုပ်စုအဆင့်၊ အဆင့် ၄ နေရာမှ အန့်ဝပ်အသင်းက ခြေစစ်ပွဲတတိယအဆင့်၊ အဆင့် ၅ နေရာမှ စတန်းဒတ်လိဂ်အသင်းက ခြေစစ်ပွဲ ဒုတိယအဆင့် ကစားရမည်ဖြစ်ပြီး ဇယားအောက်ဆုံးအသင်း တန်းဆင်းခဲ့ရကြောင်း သိရသည်။

Most Read

Most Recent