ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းနှင့် မြတ်ကောင်းခန့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီး စာချုပ်လျော်ကြေး သုံးလစာရရှိမည်

ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းနှင့် မြတ်ကောင်းခန့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီး စာချုပ်လျော်ကြေး သုံးလစာရရှိမည်
Photo : CNHB
Photo : CNHB
Published 17 May 2020

မြတ်ကောင်းခန့် သည် ချိုင်းနတ်အသင်းတွင် တစ်လလျှင် ဘတ် ၉၀၀၀၀ မှ ၁၀၀၀၀၀ ကြား ရရှိနေသူ ဖြစ်ပြီး တစ်ရာသီစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ ယခုရာသီတွင် မြန်မာကစားသမားငါးဦးမှာ ထိုင်းကလပ်အသင်းများတွင် သွားရောက် ကစားနေသော်လည်း မြတ်ကောင်းခန့်သည် ယခုလအတွင်း ထိုင်းကလပ်အသင်းနှင့် လမ်း ခွဲရသည့် ဒုတိယမြောက်မြန်မာကစားသမား ဖြစ်လာခဲ့သည်။

 

ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်း တွင် သွားရောက်ကစားနေသည့် မြန်မာ ယူ-၂၂ အသင်း ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် အသင်းနှင့် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြတ်ကောင်းခန့်သည် ယခုရာသီအစကမှ ထိုင်းကလပ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ညှိနှိုင်းမှုများ ပြုလုပ်ကာ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး စာချုပ်လျော်ကြေး သုံးလစာ ရရှိမည်ဖြစ်သည်။ မြတ်ကောင်းခန့်က "ချိုင်းနတ်အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပါပြီ။ စာချုပ်ပါအတိုင်း လျော်ကြေး သုံးလစာရရှိမှာဖြစ်ပါတယ်။ စာချုပ်က အောက်တိုဘာအထိ ချုပ်ဆိုထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းပြီး စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ သူတို့ဘက်ကတော့ ဘတ်ဂျက်လျှော့ချချင်လို့ ကစားသမားလျှော့ချတယ်လို့ ပြောပါတယ်။ ကျွန်တော်အပါအဝင် ခြောက်ဦးလောက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က ဗီဇာသက်တမ်းတိုးဖို့ မတ်လမှာ မြန်မာနိုင်ငံကိုပြန်လာပြီး ဒီမှာလည်း ရောဂါဖြစ်ပွားနေတာကြောင့် ထိုင်းကို မပြန်ဖြစ်သေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားတဲ့ကာလမှာ ဗီဇာသက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပါတယ်။ အေးဂျင့်ကတစ်ဆင့် အသင်းသစ်ရှာနေပြီး ထိုင်းကလပ်အသင်းတွေမှာပဲ ကစားနိုင်အောင် ကြိုးစားနေပါတယ်" ဟု မြတ်ကောင်းခန့်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

မြတ်ကောင်းခန့် သည် ချိုင်းနတ်အသင်းတွင် တစ်လလျှင် ဘတ် ၉၀၀၀၀ မှ ၁၀၀၀၀၀ ကြား ရရှိနေသူ ဖြစ်ပြီး တစ်ရာသီစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ ယခုရာသီတွင် မြန်မာကစားသမားငါးဦးမှာ ထိုင်းကလပ်အသင်းများတွင် သွားရောက် ကစားနေသော်လည်း မြတ်ကောင်းခန့်သည် ယခုလအတွင်း ထိုင်းကလပ်အသင်းနှင့် လမ်း ခွဲရသည့် ဒုတိယမြောက်မြန်မာကစားသမား ဖြစ်လာခဲ့သည်။ မြတ်ကောင်းခန့်မတိုင်မီက ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် ကစားနေသည့် တိုက်စစ်မှူးကျော်ကိုကိုသည် အသင်းနှင့် လမ်းခွဲခဲ့ရပြီး ရက်ပိုင်းအကြာမှာပင် အသင်းသစ်ရရှိခဲ့ကာ ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။

မြတ်ကောင်းခန့်သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြေစွမ်း ပြကစားနိုင်သောကြောင့် ပြည်ပကလပ်အသင်း များ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ပုံမှန်ပွဲထွက် ခွင့်ရနိုင်သည့် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထိုင်း လိဂ်ပြိုင်ပွဲအားလုံးမှာ လေးပွဲကစားအပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ် ပြီး မြတ်ကောင်းခန့်သည် ယခုရာသီလေးပွဲ တွင် နှစ်ပွဲကစားထားပြီး ပွဲထွက်ခွင့်တစ်ပွဲနှင့် လူစားဝင်တစ်ပွဲ ကစားခွင့်ရထားခြင်းဖြစ်သည်။

Most Read

Most Recent