ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အချိန်ကို မေ ၂၇ ရက်အစည်းအဝေးတွင် ဆုံးဖြတ်မည်

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အချိန်ကို မေ ၂၇ ရက်အစည်းအဝေးတွင် ဆုံးဖြတ်မည်
Photos: Getty Images
Photos: Getty Images
Published 17 May 2020

လက်ကျန်ပွဲများအနက် ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး၊ ဘာစီလိုနာ-နာပိုလီ ပွဲစဉ်များလည်း ကျန်ရှိနေသေးပြီး PSG၊ အတ္တလန္တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်အသင်းတို့မှာမူ ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပြီး ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အချိန်ကို မေ ၂၇ ရက်တွင်ကျင်းပပြုလုပ်မည့် အမှုဆောင်ကော်မတီ ဘုတ်အဖွဲ့အစည်းအဝေး တွင် အပြီးသတ် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲကို ဥရောပပြည်တွင်းလိဂ်များပြီးဆုံးမည့် သြဂုတ်မှသာ စတင်ကျင်းပရန် စီစဉ်ထားပြီး နေ့ရက် နှင့် အချိန်ကို မေ ၂၇ ရက်တွင်ပြုလုပ်မည့် UEFA အမှုဆောင်ကော်မတီ ဘုတ်အဖွဲ့ အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ဒုတိယ အကျော့ လေးပွဲကျန်ရှိနေသေးပြီး မန်စီးတီး- ရီးယဲလ်မက်ဒရစ်ပွဲကို သြဂုတ် ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်နှင့် စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ ထို့ပြင် လိုင် ယွန်အသင်းဥက္ကဋ္ဌ ယန်းမစ်ချယ်အောလက်စ်ကလည်း ဂျူဗင်တပ်စ်-လိုင်ယွန်ပွဲကို သြဂုတ် ၇ ရက်တွင် ပြန်လည်ကစားမည်ဟု ထုတ်ဖော်ပြောကြားသဖြင့် လိုင်ယွန်အသင်းက ကြေညာချက်ထုတ်၍ ငြင်းဆန်ခဲ့ရသည်။ လက်ကျန်ပွဲများအနက် ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး၊ ဘာစီလိုနာ-နာပိုလီ ပွဲစဉ်များလည်း ကျန်ရှိနေသေးပြီး PSG၊ အတ္တလန္တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်အသင်းတို့မှာမူ ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပြီး ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်း အဆင့် ပထမအကျော့နှစ်ပွဲနှင့် ဒုတိယ အကျော့ပွဲစဉ်အားလုံး ကစားရန် ကျန်ရှိနေသေးသည်။ ဗိုလ်လုပွဲများကို သြဂုတ် ၂၆ ရက် နှင့် ၂၉ ရက်တွင် ကျင်းပဖွယ်ရှိသည်။

Most Read

Most Recent