ပြိုင်ပွဲများ ပြန်စချင်သော်လည်း မိသားစုနှင့်ခွဲမနေလိုကြောင်း မက်ဆီ ပြောကြား

ပြိုင်ပွဲများ ပြန်စချင်သော်လည်း မိသားစုနှင့်ခွဲမနေလိုကြောင်း မက်ဆီ ပြောကြား
Published 16 May 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ပြိုင်ပွဲများပြန်လည်စတင်ရန် ဆန္ဒရှိသော်လည်း မိသားစုနှင့်ခွဲမနေလိုကြောင်း ထုတ်ဖော်ပြောကြားသည်။

လာလီဂါပြိုင်ပွဲကို ဇွန်လလယ်ပိုင်းတွင် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားပြီး ပြိုင်ပွဲမစတင်မီ ဗိုင်းရပ်စ်ကူးစက်မှုမဖြစ်စေရန် ကစားသမားများအား မိသားစုများ၊ မိတ်ဆွေများနှင့်ခွဲ၍ Quarantine ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့ဖြစ်ရာ El Mundo Deportivo သတင်းစာနှင့် အင်တာဗျူးတွင် မက်ဆီက ''ကျွန်တော်ကတော့ ပြိုင်ပွဲတွေ ပြန်စစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုတွေနဲ့တော့ ခွဲပြီးမနေချင်ပါဘူး။ အရာရာတိုင်းက ထူးဆန်းနေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အပြင်ဘယ်နေရာကိုသွားသွား အန္တရာယ်ရှိနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် မယုံသင့်ပါဘူး''ဟု ပြော ကြားခြင်းဖြစ်သည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိပုံစံအတိုင်းဆက်ကစားပါက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မဖြစ်နိုင်ကြောင်း  မက်ဆီက Sport သတင်းစာသို့ ပြောကြားသည်။

''အသင်းရဲ့လူစာရင်းကို ကျွန်တော် ဘယ်တုန်းကမှ သံသယမဖြစ်ဖူးပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ကျန်ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲနိုင်သေးတယ်ဆိုတာကိုလည်း သံသယမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အခုကစားနေတဲ့ပုံစံမျိုးနဲ့တော့ မဟုတ်ပါဘူး။ လူတိုင်းဆီမှာ ကိုယ်ပိုင်အမြင်တွေရှိကြပါတယ်။ ကျွန်တော့်အမြင်အရတော့ ချန်ပီယံလိဂ်မှာ နှစ်ပေါင်းများစွာ ကစားခွင့်ရနေတာ ကံကောင်းလို့ပါပဲ။ ဗိုလ်စွဲဖို့ကတော့ ဒီပုံစံမျိုးနဲ့မဖြစ်နိုင်ပါဘူး''ဟု ၎င်းက ဆိုသည်။

Most Read

Most Recent