နိုင်လွတ်လုံ ဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်ရန် ပြင်ဆင်ထားသည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို လာမည့်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

နိုင်လွတ်လုံ ဥပဒေပါ ပြစ်မှုများကို အာမခံပေးနိုင်ရန် ပြင်ဆင်ထားသည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို လာမည့်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်
နိုင်လွတ်လုံဥပဒေကြမ်းနှင့်ပတ်သက်၍ မေ ၁၄ ရက်က အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတွင် အစည်းအဝေးပြုလုပ်နေစဉ်
နိုင်လွတ်လုံဥပဒေကြမ်းနှင့်ပတ်သက်၍ မေ ၁၄ ရက်က အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတွင် အစည်းအဝေးပြုလုပ်နေစဉ်
Published 16 May 2020
ဉာဏ်လင်းထွန်း

ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့် နိုင်ငံသားများပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းနှင့်ပက်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ လာမည့်လွှတ်တော်အ စည်းအဝေး ပထမပတ်အတွင်း တင်သွင်းဖွယ်ရှိကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

“လာမယ့်ရှေ့အပတ် ၁၈ ရက်နေ့ဆို လွှတ်တော်စပြီလေ။ အဲဒီရက်သတ္တမှာပဲ တင် သွင်းသွားနိုင်ဖွယ်ရာရှိပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

နိုင်လွတ်လုံဟု အတိုကောက်ခေါ်ဆိုသည့် နိုင်ငံသားများပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ မေ ၁၄ ရက်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရေးရာ ဆောင်အမှတ် (I-16) တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒါက ပြည်သူ့လွှတ်တော်က အတည်ပြု ပြီးတော့ အမျိုးသားလွှတ်တော်ကို ပေးပို့လာ တာပေါ့နော်။ ပေးပို့လာတော့ သက်ဆိုင်တFocal Ministry ပေါ့လေ။ ပြည်ထဲရေးဝန်ကြီး ဌာနရယ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးရယ်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရယ် အစည်းအဝေးလုပ်တယ်။ ဒါပဲပြောနိုင်ပါ မယ်။ ဘာတွေဆွေးနွေးတယ်။ ဘယ်အချက် တွေကို ပြင်မယ်ဆိုတာတွေကတော့ လွှတ် တော်ကို အစီရင်ခံစာ တင်သွင်းတဲ့အခါကျ ရင် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာ ကျရင်ပါလာမှာပေါ့” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

နိုင်လွတ်လုံဥပဒေပါ ပြစ်မှုများကို အာ မခံပေးနိုင်သည့် ပြစ်မှုများအဖြစ် ပြင်ဆင် ထားသည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ဖေဖော်ဝါရီ ၁၈ ရက်က ပြည်သူ့လွှတ်တော် သို့ တင်သွင်းခဲ့သည်။

နိုင်လွတ်လုံဥပဒေကို နိုင်ငံသားများ အကာအကွယ်ဖြစ်စေရန် ရည်ရွယ်ပြဌာန်းခဲ့ သော်လည်း လက်တွေ့တွင် တစ်ဦးနှင့်တစ်ဦး ကြား မသင့်မြတ်မှုများနှင့်ပတ်သက်၍ တိုင် ကြားသည့်ဖြစ်စဉ်များ ပေါ်ပေါက်လာမှု ကြောင့် ဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေးက ပြော ကြားသည်။

၂၀၁၇ ခုနှစ် မတ် ၈ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံဥပဒေပါ ပုဒ်မ ၁၀ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလျှင် ထောင်ဒဏ် ခြောက်လမှ အများဆုံးထောင် ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ရာကော်မတီက ထောင်ဒဏ် သုံးနှစ်အစား နှစ်နှစ်သို့ ပြောင်း လဲခြင်းနှင့် အလွယ်တကူတရားမစွဲဆိုနိုင်စေ ရန် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြိုတင်ခွင့် ပြုချက်ရယူရေး စသည်တို့အပါအဝင် ဥပဒေ  ပြဋ္ဌာန်းချက်သုံးခုကိုအဓိက ပြင်ဆင်ခဲ့သည်။

ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းမှုအပေါ် ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ဆက်လက်ပေးပို့ကာ ကော်မတီက ဥပဒေကြမ်း နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက် အစီရင်ခံ စာတင်သွင်းပြီး အမျိုးသားလွှတ်တော်၏ သဘောထား ရယူမည်ဖြစ်သည်။

 

Most Read

Most Recent