ဂျူဗင်တပ်စ် ကွင်းလယ်လူ ယာနစ်နှင့် ဘာစီလိုနာ သဘောတူညီမှုရဟု သတင်းများထွက်ပေါ်

ဂျူဗင်တပ်စ် ကွင်းလယ်လူ ယာနစ်နှင့် ဘာစီလိုနာ သဘောတူညီမှုရဟု သတင်းများထွက်ပေါ်
Photos: Getty Images
Photos: Getty Images
Published 13 May 2020

အသက် (၃၀)နှစ်အရွယ်ရှိ ဘော့စနီးယားကွင်းလယ်လူ ယာနစ်အား ခေါ်ယူရန်အတွက် ဘာစီလိုနာအသင်းမှာ အစောပိုင်းကာလကတည်းက သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ဂျူဗင်တပ်စ် အသင်း၏ ကွင်းလယ်လူ ယာနစ်အား ခေါ်ယူရန်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဘော့စနီးယားကွင်းလယ်လူ ယာနစ်အား ခေါ်ယူရန်အတွက် ဘာစီလိုနာအသင်းမှာ အစောပိုင်းကာလကတည်းက သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းအနေဖြင့် ယာနစ်အား အသင်း၏ဘရာဇီးလ်ကွင်းလယ်လူ အာသာနှင့် အလဲအထပ်ပြုလုပ်မည်ဟု ဖော်ပြမှုများရှိသလို၊ စပိန်အားကစားသတင်းစာ Marca ၏ ဖော်ပြမှုတွင် ပြောင်းရွှေ့ ကြေး ယူရိုသန်း (၆၀)ဖြင့် နှစ်သင်းအကြား သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ပါရှိခဲ့သည်။ 

ဘာစီလိုနာနည်းပြ ဆယ်တီယန်သည် အသင်း၏ ကွင်းလယ်ပိုင်းကို အားဖြည့်ရန်ဆန္ဒရှိသောကြောင့် ယာနစ်အား ခေါ်ယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။