မိမိအကြောင်းမသိလျှင် မိမိကို မဝေဖန်နှင့်ဟု ဝေဖန်သူများကို အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်း တုံ့ပြန်

မိမိအကြောင်းမသိလျှင် မိမိကို မဝေဖန်နှင့်ဟု ဝေဖန်သူများကို အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်း တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 13 May 2020

မွိုက်စ်ကိန်းသည် ပြီးခဲ့သည့်ဧပြီလအတွင်း က သူ၏နေအိမ်တွင် ကိုရိုနာဗိုင်းရပ်စ် Lockdown ညွှန်ကြားချက်များကို ချိုးဖောက်ကာ ပါတီပွဲကျင်းပခဲ့သဖြင့် ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရသူဖြစ်သည်။ ၎င်းအား အဲဗာတန်အသင်းကလည်း (၂)ပတ်စာ လစာငွေဖြစ်သည့် ပေါင်(၁၆၀၀၀၀) ဒဏ်ငွေတပ် ရိုက်ခဲ့ကြောင်း သိရှိရသည်။ 

အဲဗာတန်အသင်း၏ အီတလီလူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းက သူ၏ Instagram တွင် ပုံ အချို့ တင်ခဲ့ပြီး "မိမိအကြောင်းမသိလျှင် မိမိကို မဝေဖန်နှင့်၊ မိမိ အလုပ်လုပ်နေသည်ကို သိထားပါ" ဟု ရေးသားခဲ့ကြောင်း သိရှိရသည်။ 

မွိုက်စ်ကိန်း တင်ခဲ့သောပုံများထဲတွင် ဘောလုံးကန်သည့်ပုံ၊ တန်း ကျော်ပြေးသည့်ပုံ၊ အလေးမသည့်ပုံ အစရှိသည့် လေ့ကျင့်ခန်းဆင်းနေသည့်ပုံများ ပါဝင်ကြောင်း သိရှိရသည်။ မွိုက်စ်ကိန်းသည် ပြီးခဲ့သည့်ဧပြီလအတွင်း က သူ၏နေအိမ်တွင် ကိုရိုနာဗိုင်းရပ်စ် Lockdown ညွှန်ကြားချက်များကို ချိုးဖောက်ကာ ပါတီပွဲကျင်းပခဲ့သဖြင့် ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရသူဖြစ်သည်။ ၎င်းအား အဲဗာတန်အသင်းကလည်း (၂)ပတ်စာ လစာငွေဖြစ်သည့် ပေါင်(၁၆၀၀၀၀) ဒဏ်ငွေတပ် ရိုက်ခဲ့ကြောင်း သိရှိရသည်။ 

အဲဗာတန်တွင် အနာဂတ်လှုပ်ခတ်နေသည့် မွိုက်စ်ကိန်းက ဘောလုံးပွဲများ ပြန်မကစားခင် သူလေ့ကျင့်ခန်း ပြင်းပြင်းထန် ထန်ပြုလုပ်နေကြောင်းပရိသတ်များကို အသိပေးခဲ့ပြီး သူ့အပေါ် ဝေဖန်သူများကိုလည်း တုံ့ ပြန်ခဲ့ခြင်း ဖြစ်သည်။ မွိုက်စ်ကိန်းသည် အဲဗာတန်အသင်းတွင် (၂၆)ပွဲကစားပြီး (၁)ဂိုးသာသွင်းယူပေးထားသည်။