ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ခံစစ်ပိုင်းအားဖြည့်လိုဟု ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား 

ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ခံစစ်ပိုင်းအားဖြည့်လိုဟု ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား 
Photos: EMG
Photos: EMG
Published 13 May 2020

"ရာသီဝက်အပြောင်း အရွှေ့ကာလမှာ အာရှသားကစားသမားတစ်ဦး ခေါ်ယူဖို့ စီစဉ်ထားသလို ပြည်တွင်းကစား သမားတွေလည်း ခေါ်ယူချင်ပါတယ်။ အထူးသဖြင့် ခံစစ်ကိုအားဖြည့်ချင်ပါတယ်။ ပြည်တွင်းကစားသမားသစ်တွေ ခေါ်ယူဖို့အစီ အစဉ်ရှိပြီး နောက်ခံအတွင်းလူအပြင် အစွန်လူတွေပါ အားဖြည့်ချင်ပါတယ်။ ကမ်းလှမ်းထားတာတွေ၊ စကားပြောထားတာတွေတော့ ရှိပါတယ်။ လောလောဆယ်အနေအထား ကြောင့် ကစားသမားခေါ်ယူမှုတွေ ရပ်နားထားရတာဖြစ်ပါတယ်။ ရာသီဝက်အပြောင်း အရွှေ့ကာလ သတ်မှတ်တဲ့အပေါ် မူတည်ပြီး ခေါ်ယူသွားမှာပါ" ဟု ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။ 

 

ဟံသာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ရာသီဝက်အပြောင်း အရွှေ့့ကာလတွင် ခံစစ်ပိုင်းကို ဦးစားပေးအားဖြည့်လိုကြောင်း ပြောကြားခဲ့သည်။ ဟံသာဝတီအသင်းသည် ရာသီအစတွင် ပြည်တွင်းကစားသမားသစ် အနည်းငယ်သာ ခေါ်ယူခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ပြည်တွင်းနောက်ခံလူများ အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

"ရာသီဝက်အပြောင်း အရွှေ့ကာလမှာ အာရှသားကစားသမားတစ်ဦး ခေါ်ယူဖို့ စီစဉ်ထားသလို ပြည်တွင်းကစား သမားတွေလည်း ခေါ်ယူချင်ပါတယ်။ အထူးသဖြင့် ခံစစ်ကိုအားဖြည့်ချင်ပါတယ်။ ပြည်တွင်းကစားသမားသစ်တွေ ခေါ်ယူဖို့အစီ အစဉ်ရှိပြီး နောက်ခံအတွင်းလူအပြင် အစွန်လူတွေပါ အားဖြည့်ချင်ပါတယ်။ ကမ်းလှမ်းထားတာတွေ၊ စကားပြောထားတာတွေတော့ ရှိပါတယ်။ လောလောဆယ်အနေအထား ကြောင့် ကစားသမားခေါ်ယူမှုတွေ ရပ်နားထားရတာဖြစ်ပါတယ်။ ရာသီဝက်အပြောင်း အရွှေ့ကာလ သတ်မှတ်တဲ့အပေါ် မူတည်ပြီး ခေါ်ယူသွားမှာပါ" ဟု ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။ 

ဟံသာဝတီအသင်းသည် ယခုရာသီတွင် ရလဒ်ပိုင်းသိသိသာသာကောင်းမွန်နေပြီး ပြိုင်ပွဲရပ်နားချိန်တွင် ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ယခုရာသီတွင် ချန်ပီယံဖြစ်ရန် မျှော်မှန်းနိုင်သည့် အနေအထားတွင်ရှိသောကြောင့် ကစားသမား အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ရာသီအစတွင် နိုင်ငံခြားသားကစားသမား သုံးဦးသာ ခေါ်ယူထားသောကြောင့် အာရှတိုက်သားကစားသမားတစ်ဦး ခေါ်ယူရန် ကျန်ရှိနေပြီး အသင်းပိုင်ရှင်ထံမှ ခွင့်ပြုချက် ရရှိပါက ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent