မေလအတွင်း ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည်စတင်မည့်အစီအစဉ်ကို ဂျာမနီပြည်ထဲရေးဝန်ကြီး ထောက်ခံခဲ့ပြီး ကိုရိုနာဗိုုင်းရပ်စ်ကူးစက်ခံထားရသူ (၁၀)ဦးရှိကြောင်း DFL အတည်ပြု

မေလအတွင်း ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည်စတင်မည့်အစီအစဉ်ကို ဂျာမနီပြည်ထဲရေးဝန်ကြီး ထောက်ခံခဲ့ပြီး ကိုရိုနာဗိုုင်းရပ်စ်ကူးစက်ခံထားရသူ (၁၀)ဦးရှိကြောင်း DFL အတည်ပြု
Published 5 May 2020

ဂျာမနီပြည်ထဲရေးဝန်ကြီး ဟော့စ်ဇီဟိုဖာက မေလအတွင်း ဘွန်ဒစ်လီဂါ ပြိုင်ပွဲ ပြန်လည်စတင်မည့်အစီအစဉ်ကိုထောက်ခံကြောင်း မေ ၃ ရက်တွင် Bild အားကစားသတင်းစာသို့ ပြောကြားသည်။

 

ဇီဟိုဖာသည် ဂျာမနီအစိုးရအဖွဲ့တွင် အရေးပါသူဖြစ်ပြီး ဘွန်ဒစ်လီဂါအပါ အဝင် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ပြုမပြု ဆုံးဖြတ်ချက်ချမည့် ဆွေးနွေးပွဲမတိုင်မီ သုံးရက်အလိုတွင် ယခုလို ပြောကြားခြင်းဖြစ်သည်။

''ဂျာမန်လိဂ်ပြန်စဖို့ ဖြစ်နိုင်ခြေရှိတဲ့အဆိုပြုချက်ကို လက်ခံရရှိထားပါတယ်။ မေလထဲမှာ ပြန်စဖို့ ကျွန်တော်သဘောတူပါတယ်'' ဟု ၎င်းက ဆိုသည်။

သို့သော် ကလပ်အသင်းများအနေဖြင့် COVID-19 စစ်ဆေးရန် အထူး အခွင့်အရေးရမည်မဟုတ်သလို အသင်းတစ်သင်း (သို့မဟုတ်) စီမံခန့်ခွဲမှုအဖွဲ့ တွင် ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိပါက တစ်သင်းလုံးအပြင် ၎င်းတို့နှင့် နောက်ဆုံး ကစားခဲ့သည့်အသင်းကိုပါ နှစ်ပတ်ကြာ Quarantine ပြုလုပ်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဇီဟိုဖာက ဆက်လက်ပြောကြားသည်။

''ပွဲတွေပြန်ကစားဖို့ ထောက်ခံပေမဲ့ ကျွန်တော်တစ်ဦးတည်းအမြင်ပြောရရင် လိဂ်ပြိုင်ပွဲအတွက် အထူးအခွင့်အရေးတော့ မရသင့်ပါဘူး။ အသင်းတစ်သင်း ဒါမှမဟုတ် စီမံခန့်ခွဲမှုအဖွဲ့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်ဆိုရင် တစ်သင်းလုံးအပြင် သူတို့နဲ့ နောက်ဆုံးကစားခဲ့တဲ့အသင်းကိုလည်း ရက်သတ္တပတ်နှစ်ပတ် Quarantine လုပ်ရမှာ ပါ''ဟု ၎င်းက ပြောကြားသည်။

ဂျာမန်လိဂ်အဖွဲ့ချုပ်(DFL) က တနင်္လာနေ့က ပြုလုပ်ခဲ့သော ကို ရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများအပြီး တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၁၀)ဦးရှိသည်ဟု အတည်ပြု ကြေညာခဲ့သည်။

DFL သည် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲများကို မေလ အတွင်း ပြန်လည်စတင်နိုင်ရန် ကြိုး ပမ်းနေပြီး ဗိုင်းရပ်စ်စစ်ဆေးမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလိဂ် ပြိုင်ပွဲ(၂)ခုမှ ကစားသမားများ၊ နည်း ပြများအပါအဝင် စုစုပေါင်း(၁၇၂၄)ဦးကို ဆေးစစ်ခဲ့ရာတွင် Positve အဖြေထွက်သူ (၁၀)ဦးရှိခဲ့ခြင်းဖြစ်သည်။

ယင်း(၁၀)ဦးထဲတွင် ကိုလုံးအ သင်းမှ (၃)ဦးလည်းအပါအဝင်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနထံ သတင်းပို့ ၍ Quarantine (၁၄)ရက် ဝင်ခိုင်းထားပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုများ ရှိခဲ့သော်လည်း DFL က ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးသည့်ပ မာဏသာဖြစ်၍ ပြိုင်ပွဲစတင်ရန် ကြိုးပမ်းမှုကို ထိခိုက်မည်မဟုတ်ဟု ယူ ဆနေကြောင်း သိရသည်။

ဂျာမန် ဘောလုံးလောကတာဝန်ရှိသူများသည် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ- ၂ ပြိုင်ပွဲများကို မေ(၉)တွင် စတင်ရန်  ကြိုးပမ်းခဲ့သော်လည်း အစိုးရအဖွဲ့မှ ဆုံးဖြတ်မပေးသေးသောကြောင့် မေ (၁၆)မှ စတင်နိုင်ဖွယ်ရှိသည်ဟု ထင် ကြေးပေးခံခဲ့ရသည်။

ယခုအခါ အစောအဆုံးအဖြစ် မေ (၂၃)မှသာ စ တင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

Most Read

Most Recent