လေ့ကျင့်မှုစတင်မည်ဖြစ်သောကြောင့် ပြည်ပရောက်ကစားသမားများကို ဂျူဗင်တပ်စ်အသင်း ပြန်လည်ခေါ်ယူ

လေ့ကျင့်မှုစတင်မည်ဖြစ်သောကြောင့် ပြည်ပရောက်ကစားသမားများကို ဂျူဗင်တပ်စ်အသင်း ပြန်လည်ခေါ်ယူ
Published 5 May 2020

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် လေ့ကျင့်ခန်းအစီအစဉ်များ စတင်မည်ဖြစ်သောကြောင့် ပြည်ပရောက်ကစားသမားများကို ပြန်လည်ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ကနဦးအစီအစဉ်အရ စီးရီးအေကလပ်များအပါအဝင် အသင်းလိုက်အားကစားနည်းများအနေဖြင့် မေ ၁၈ ရက်မှသာ လေ့ကျင့်ရေးကွင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဖြစ်သော်လည်း အီတလီအစိုးရက ဆုံးဖြတ်ချက် ပြင်ဆင်၍ မေ ၄ ရက်မှာပင် လေ့ကျင့်ရေးကွင်း၌ သီးခြားစီလေ့ကျင့်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ပြည်ပသို့ရောက်ရှိနေသည့် စီရော်နယ်လ်ဒို၊ ဟီဂွါအင်၊ ခီဒီရာ၊ ဆက်ဇ်နီ၊ ဒူးဂလပ်စ်ကော် စတာတို့ကို အသင်းသို့ပြန်လာရန် ညွှန်ကြားထားခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် အီတလီသို့ ပြန်ရောက်လာပါက လေ့ကျင့်ခန်းအစီအစဉ်များ ချက်ချင်းပြုလုပ်ခွင့်ရမည်မဟုတ်ဘဲ Quarantine ၁၄ ရက်နေထိုင်ပြီးမှသာ စတင်လေ့ကျင့်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

COVID-19 စတင်ဖြစ်ပွားပြီးနောက် မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ၌ သွားရောက်နေထိုင်လျက်ရှိသည့် တိုက်စစ်မှူး စီရော်နယ်လ် ဒိုမှာမူ အစောဆုံးအဖြစ် မေ ၄ ရက် ညပိုင်းမှသာ ရောက်ရှိနိုင်ကြောင်း ဗြိတိန်နှင့် အီတလီသတင်းဌာနများက ဖော်ပြလျက်ရှိသည်။

စီရော်နယ်လ်ဒိုပိုင်ဆိုင်သည့် G650 Gulfstream လေယာဉ်မှာ မက်ဒရစ်မြို့၌ရောက်ရှိ နေပြီး စပိန်နိုင်ငံ၏ ခရီးသွားလာခွင့်ကန့်သတ်ချက်အရ ချက်ချင်းထွက်ခွာခွင့်ရရန် မလွယ်ကူသဖြင့် ကြန့်ကြာနေခြင်းဖြစ်သည်။4j';nb

စီးရီးအေကလပ်များအနက် ရိုးမား၊ နာ ပိုလီ၊ ဆာဆူအိုလို၊ အင်တာမီလန်၊ ဘိုလော့ဂ် နာနှင့် ပါးမားအသင်းတို့က လေ့ကျင့်မှုစတင် မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

Most Read

Most Recent