လော်တာရိုမာတီနက်ဇ်အတွက် ဂရီးဇ်မန်း၊ ဗီဒယ်လ်နှင့် ယူရိုသန်း(၉၀) အင်တာအလိုရှိ

လော်တာရိုမာတီနက်ဇ်အတွက် ဂရီးဇ်မန်း၊ ဗီဒယ်လ်နှင့် ယူရိုသန်း(၉၀) အင်တာအလိုရှိ
Photos: Getty Images
Photos: Getty Images
Published 1 May 2020

အင်တာမီလန်အသင်းသည် ဘာစီလိုနာအသင်းအလိုရှိနေသော အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀)ကိုသာမက ဘာစီလိုနာအသင်းမှ ကစားသမား(၂)ဦးကိုပါ အလိုရှိနေကြောင်း သိရသည်။ 

 

အင်တာမီလန်အသင်းသည် ဘာစီလိုနာအသင်းအလိုရှိနေသော အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀)ကိုသာမက ဘာစီလိုနာအသင်းမှ ကစားသမား(၂)ဦးကိုပါ အလိုရှိနေကြောင်း သိရသည်။ 

အင်တာမီလန်အသင်းက လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူလိုပါက ယူရိုသန်း(၉၀)နှင့် ဗီဒယ်လ်ကို အလိုက်ပေးရမည့်အပြင် ဂရီးဇ်မန်းကို တစ်ရာသီအငှားချပေးရမည်ဟု တောင်းဆိုထားကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် အသက်အရွယ်ရလာသည့် လူးဝစ်ဆွာရက်ဇ်နေရာ အစားထိုးရန် လော်တာရိုမာတီနက်ဇ်ကို ချိန်ရွယ်နေခြင်းဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူဖြစ်ပြီး အင်တာမီလန်အသင်းအနေဖြင့် ၎င်းအား ကြိုက်စျေးမရလျှင်လည်း လက်လွှတ်ဖွယ်မရှိကြောင်း သိရသည်။ 

လော်တာရိုမာတီနက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲကစားရာ၌ (၁၆)ဂိုး သွင်းယူထားကာ အသင်းတိုက်စစ်တွင် လူကာကူနှင့် တွဲဖက်ညီစွာကစားနေသူဖြစ်သည်။ 

 

Most Read

Most Recent