ယခုရာသီကို ဆုဖလားများနှင့်ပိတ်သိမ်းရန် ရာမို့စ် အလိုရှိ

ယခုရာသီကို ဆုဖလားများနှင့်ပိတ်သိမ်းရန် ရာမို့စ် အလိုရှိ
Published 30 April 2020

 

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ယခုရာသီကို ဆုဖလားများနှင့် ပိတ်သိမ်းသွားရန် အလိုရှိနေကြောင်း ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ လာလီဂါပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ပြီး ဇွန်လအစောပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေကြကြောင်း သိရသည်။ 

ယခုရာသီ လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများကို ပြီးဆုံးအောင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ရာမို့စ်က ပြောကြားခဲ့သည်။ 

ရာမို့စ်က ''အားလုံးရဲ့ ကျန်းမာရေးကို စွန့်စားရာမရောက်ဘဲ ဘောလုံးပြိုင်ပွဲတွေ ပြန်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ဒီရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ပြီးဆုံးအောင် ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဒီရာသီကိုဆုဖလား တွေနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘောလုံးပွဲတွေ ပြန်စဖို့တော့ နည်းနည်းစောင့်ရဦးမှာပါ''ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ရာမို့စ်က စပိန်ပြည်သူများအနေဖြင့် အစိုးရ၏ညွှန်ကြားချက်များကို လိုက်နာကြရန်လည်း တိုက်တွန်းခဲ့သည်။ 

ရာမို့စ်သည် ရီးယဲလ်အသင်းနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

SERGIO RAMOS TROPHIES  

4 X Champions League titles

4 X FIFA Club World Cups

4 X La Liga titles 

2 X  Copa del Reys

 

Most Read

Most Recent