မန်စီးတီးတောင်ပံကစားသမား ဆာနေးနှင့် ဘိုင်ယန်မြူးနစ် နည်းပြ ဖုန်းဖြင့်ဆွေးနွေးခဲ့

မန်စီးတီးတောင်ပံကစားသမား ဆာနေးနှင့် ဘိုင်ယန်မြူးနစ် နည်းပြ ဖုန်းဖြင့်ဆွေးနွေးခဲ့
Published 30 April 2020

 

မန်စီးတီးအသင်း၏ ဂျာမန်တောင်ပံကစားသမား ဆာနေးနှင့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်တို့သည် မိနစ်(၃၀) ကြာခန့် ဖုန်းပြောဆိုခဲ့ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဆာနေးသည် ဘိုင်ယန်မြူးနစ်အသင်း ရေရှည်ပစ်မှတ်ထားခြင်းခံနေရသည့် ကစားသမားဖြစ်ပြီး ၎င်းတို့နှစ်ဦးအပြောင်းအရွှေ့အတွက် ဆွေးနွေးခြင်းဖြစ်ဖွယ်ရှိကြောင်း ဂျာမန်သတင်းစာများက ဖော်ပြခဲ့သည်။ 

ဆာနေးသည် ပြီးခဲ့သည့် ၂၀၁၉၊ သြဂုတ်လအတွင်းကစားခဲ့သော ကွန်မြူနတီဒိုင်းပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရသူဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေး ဒဏ်ရာမရစဉ်ကတည်းက ၎င်းကိုခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ယင်းဒဏ်ရာကြောင့် အပြောင်းအရွှေ့မှာ ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။ 

ဆာနေး၏ အေးဂျင့်ဖြစ်သူက မန်စီးတီးအသင်းမှ ဆာနေး ပြောင်းရွှေ့မည့်အသင်းမှာ ဘိုင်ယန်မြူးနစ်တစ်သင်းတည်းသာ ရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

 

Most Read

Most Recent