■ တန်ဟက်ဂ်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေသော်လည်း လက်ကျန် (၁၁)ပွဲတွင် မန်ယူ (၁၉)မှတ်သာရရှိမည်ဟု Daily Mail ခန့်မှန်း     

■ တန်ဟက်ဂ်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေသော်လည်း လက်ကျန် (၁၁)ပွဲတွင် မန်ယူ (၁၉)မှတ်သာရရှိမည်ဟု Daily Mail ခန့်မှန်း     
Photo: Getty Images
Photo: Getty Images
Published 8 March 2024

မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က ရာသီကုန်ဆုံးချိန်၌ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်သေးသည်ဟု ပြောကြားခဲ့သော်လည်း Daily Mail ကမူ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် လက်ကျန် (၁၁)ပွဲတွင် (၁၉)မှတ်သာ ရရှိနိုင်သည်ဟု ခန့်မှန်းသုံးသပ်ခဲ့သည်။

    

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၆)နေရာသို့ ရောက်ရှိနေပြီး အဆင့်(၄)နေရာမှ အက်စတွန်ဗီ လာအသင်းနှင့် (၁၁)မှတ်ကွာဟနေပြီး အဆင့်(၅)နေရာမှ စပါးအသင်း နှင့် တစ်ပွဲပိုကစားပြီး (၆)မှတ်ကွာဟနေသည်။ 

လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းအရေအတွက် တိုးမြှင့်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့်(၅)နေရာရရှိသည့်အသင်းလည်း ဝင်ခွင့်ရနိုင်ဖွယ်ရှိသည့်အတွက် မန်ယူနည်းပြ တန်ဟက်ဂ်က မျှော်လင့်နေခြင်းလည်းဖြစ်သည်။ 

သို့သော် Daily Mail ကမူ မန်ယူအသင်းသည် ပရီးမီးယားလိဂ်လက်ကျန် (၁၁)ပွဲတွင် အများဆုံးရနိုင်သည့် (၃၃)မှတ်ထဲမှ (၁၉)မှတ်သာ ရရှိနိုင် သောကြောင့် စုစုပေါင်းရမှတ် (၆၃)မှတ်သာရရှိမည်ဖြစ်ပြီး အက်စတွန်ဗီလာနှင့် စပါးအသင်းတို့ကို ကျော်ဖြတ်နိုင်ဖွယ်မရှိဟု သုံးသပ်ခဲ့သည်။ 

    

မန်ယူအသင်းသည် လက် ကျန် (၁၁)ပွဲတွင် အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်၊ ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ ဘုန်းမောက်၊ နယူးကာ ဆယ်၊ ဘန်လေ၊ ပဲလေ့စ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့နှင့် ဆုံတွေ့ရမည်ဖြစ်ပြီး အဲဗာတန်၊ ရှက်ဖီး၊ ချယ်လ်ဆီး၊ ဘုန်းမောက်နှင့် ဘန်လေတို့ကိုသာ အနိုင်ရမည်ဖြစ်ပြီး လီဗာပူးလ်နှင့် အာဆင်နယ်ကို ရှုံးနိမ့်ကာ ကျန်(၄)သင်းနှင့် သရေကျမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

Most Read

Most Recent