စကော့တလန်ကလပ်အသင်း တစ်သင်းကို ဝယ်ယူရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများ စီစဉ်

စကော့တလန်ကလပ်အသင်း တစ်သင်းကို ဝယ်ယူရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများ စီစဉ်
Photos: Getty Images
Photos: Getty Images
Published 8 March 2020

ရှေ့လာမည့်ရာသီတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဘောလုံးသမားများ အငှားချခြင်းကို တင်းကျပ်သောစည်းမျဉ်းများဖြင့် ကိုင်တွယ်ရန် စီစဉ်လျက်ရှိနေသည်။ သို့ဖြစ်ရာ ဥရောပအသင်းများစွာကို ကစားသမား အများအပြားအငှားချထားသော ချယ်လ်ဆီးအသင်းမှာ အခက်တွေ့ဖွယ်ရှိနေသည်။ 

 

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် စကော့တလန်ကလပ်အသင်းတစ်သင်းအား ဝယ်ယူရန် စီစဉ်နေကြောင်း သိရှိိရသည်။

ရှေ့လာမည့်ရာသီတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဘောလုံးသမားများ အငှားချခြင်းကို တင်းကျပ်သောစည်းမျဉ်းများဖြင့် ကိုင်တွယ်ရန် စီစဉ်လျက်ရှိနေသည်။ သို့ဖြစ်ရာ ဥရောပအသင်းများစွာကို ကစားသမား အများအပြားအငှားချထားသော ချယ်လ်ဆီးအသင်းမှာ အခက်တွေ့ဖွယ်ရှိနေသည်။ 

ယင်းအတွက်ကြောင့် ၎င်းတို့၏ လူငယ်ကစားသမားများကို ကလပ်အသင်းတစ်သင်းတည်းတွင် စုစည်းထားပြီး ကိုယ်ပိုင်နည်းပြအဖွဲ့၊ ကိုယ်ပိုင်ဝန်ထမ်းများဖြင့် လည်ပတ်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် စကော့တလန်ကလပ်အသင်းတစ်သင်းအား ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး ရှယ်ယာများ ဝယ်ယူရန် စီစဉ်နေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ ၎င်းတို့ရင်းနှီးမြှုပ်နှံမည့်အသင်းမှာ စကော့တလန်ထိပ်တန်းအဆင့်ဘောလုံးပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့်အသင်း ဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

 

Most Read

Most Recent