ဖေဖော်ဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးတင်မောင်ထွန်း (ရန်ကုန်) နှင့် မောင်မောင်လွင် (ရန်ကုန်) ရရှိ

ဖေဖော်ဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးတင်မောင်ထွန်း (ရန်ကုန်) နှင့် မောင်မောင်လွင် (ရန်ကုန်) ရရှိ
Photos: MNL
Photos: MNL
Published 8 March 2020

ရန်ကုန်အသင်းသည် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်သည့် ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့ပြီး ရှုံးပွဲမရှိ မှတ်တမ်းနှင့်အတူ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ သောကြောင့် နည်းပြဆုကို ဦးတင်မောင်ထွန်းက ရရှိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်နှင့်အတူ ဧရာဝတီအသင်းက ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေ၊ ၁၃ မှတ်ရခဲ့သော်လည်း ဦးတင်မောင်ထွန်းက ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကိုကျော်ဖြတ်၍ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြှင့်သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ ဖေဖော်ဝါရီအတွက် တစ်လတာအကောင်းဆုံးဆု နှစ်ခုစလုံးကို ရန်ကုန်အသင်းက ဆွတ်ခူးရရှိပြီး နည်းပြဆုကို ဦးတင်မောင်ထွန်းနှင့် ကစားသမားဆုကို မောင်မောင်လွင်တို့ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အသင်းသည် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်သည့် ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့ပြီး ရှုံးပွဲမရှိ မှတ်တမ်းနှင့်အတူ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ သောကြောင့် နည်းပြဆုကို ဦးတင်မောင်ထွန်းက ရရှိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်နှင့်အတူ ဧရာဝတီအသင်းက ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေ၊ ၁၃ မှတ်ရခဲ့သော်လည်း ဦးတင်မောင်ထွန်းက ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကိုကျော်ဖြတ်၍ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

မောင်မောင်လွင်သည် ဖေဖော်ဝါရီ တွင်ကစားသည့် ငါးပွဲ၌ တစ်ဂိုးသာသွင်းယူ နိုင်သော်လည်း ခြေစွမ်းပြနိုင်သည့်အပြင် အသင်းဖော်များဂိုးရရှိရန် ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ မောင်မောင်လွင်သည် ၂၀၁၈ ရာသီ တွင် ဖေဖော်ဝါရီအတွက် အကောင်းဆုံး ဆုကို ပထမဆုံးအကြိမ် ရရှိပြီးနောက်ပိုင်း နှစ်နှစ်အကြာမှသာ တစ်ကျော့ပြန်ရယူနိုင်ခြင်းဖြစ်သည်။ ဦးတင်မောင်ထွန်းမှာမူ လအလိုက်အကောင်းဆုံးဆုကို ၂၀၁၉ ရာသီက ဇူလိုင်လအတွက်ရရှိခဲ့ဖူးပြီး ဒုတိယအကြိမ် ဆွတ်ခူးရယူနိုင်ခြင်းဖြစ်သည်။ 

ဆုကြေးများအဖြစ် ကစားသမားဆု ကျပ်နှစ်သိန်း၊ နည်းပြဆု ကျပ်တစ်သိန်းခွဲ ချီးမြှင့်ခဲ့သည်။ ယခုရာသီတွင် လအလိုက်အကောင်းဆုံးဆုကို နှစ်ကြိမ်သာ ချီးမြှင့်ရသေးပြီး နှစ်လဆက်တိုက် အသင်းတစ်သင်းတည်းက ဆွတ်ခူးရရှိခဲ့သည်။ ဇန်နဝါရီအတွက် လအလိုက်အကောင်းဆုံးဆုကို ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း နှင့် တိုက်စစ်မှူး ဒိုနယ်တို့က ရရှိခဲ့သည်။ 

 

Most Read

Most Recent