လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 8 March 2020

အိုဆာဆူနာ - အက်စ်ပန်ညို (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

အိုဆာဆူနာရဲ့ အခုနောက်ပိုင်းခံစစ်ပိုင်းက ပြောစရာဖြစ်နေတယ်။ အက်စ်ပန်ညိုကလည်း တိုက်စစ်ကဂိုးရအောင် ကစားနိုင်တဲ့အသင်းမျိုးဖြစ်နေတဲ့အပြင် အမှတ်ရအောင်လည်းရှာနေတဲ့အချိန်ဖြစ်လို့ အိုဆာဆူနာကို အပြန်အလှန်ကစားနိုင်မယ့်ပုံပါပဲ။ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

 

ဗယ်လာဒိုလစ် - ဘီလ်ဘာအို (တနင်္ဂနွေည ၇:၃၀ နာရီ)

ဘီလ်ဘာအိုရဲ့လတ်တလောတိုက်စစ်အားက အားရစရာ သိပ်မရှိလှဘူး။ နဂိုကတည်းကလည်း အဝေးကွင်းဆိုရင် ထိန်းကစားဖို့ပဲ ဦးစားပေးတဲ့အသင်းဖြစ်လို့ ဗယ်လာဒိုလစ်လို အိမ်ကွင်းအားနဲ့ကစားတဲ့အသင်းကို လွယ်လွယ်ကျော်ဖြတ်နိုင်မယ်မထင်ဘူး။ ဗယ်လာဒိုလစ်ကလည်း တိုက်စစ်နှုန်းပုံမှန်မရှိဘဲ ခံစစ်အားကိုးနေလို့ ဒီပွဲလည်း ဂိုးနည်းသရေကျဖို့များနေတယ်။

 

လီဗန်တေး - ဂရန်နာဒါ (တနင်္ဂနွေည ၉:၃၀ နာရီ)

အိမ်ကွင်းနိုင်ပွဲဆက်နေတဲ့ လီဗန်တေးကို ဂရန်နာဒါ မနည်းတောင့်ခံကစားရဖို့ရှိနေတယ်။ ဒါပေမဲ့ ဂရန်နာဒါကလည်း အခုနောက်ပိုင်း ခံစစ်ကစားပုံတိုးတက်လာပြီး နောက်ဆုံး (၃)ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့အပြင် အဝေးကွင်းမှာလည်း အိုဆာဆူနာကို ဂိုးပြတ်အနိုင်ရထားတယ်။ ဒါပေမဲ့ အဝေးကွင်းတိုက်စစ်အား ပုံမှန်မရှိပုံနဲ့တော့ လီဗန်တေးရဲ့အိမ်ကွင်းမာကျောတဲ့ ခံစစ်ကို ဖိအားပေးနိုင်မယ်မထင်ဘူး။ လီဗန်တေးနဲ့ ဂိုးအနည်းပါပဲ။

 

ဗီလာရီးယဲလ် - လီဟာနက်စ် (တနင်္ဂနွေည ၁၂:၀၀ နာရီ)

(၂)ပွဲဆက်အရှုံးကြောင့် အခုပွဲက ဗီလာရီးယဲလ် နိုင်ပွဲပြန် ရှာရမယ့်အချိန်ဖြစ်နေတယ်။ လီဟာနက်စ် တန်းမဆင်းရဖို့ ကြိုးစားနေပေမယ့် အဝေးကွင်းကစားပုံ အားရစရာမရှိသေးတဲ့အပြင် ဗီလာရီးယဲလ်ကိုလည်း အစဉ်အလာအရမယှဉ်နိုင်ပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲကောင်းမယ်။

 

ဘက်တစ် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂:၃၀ နာရီ)

El Clásico မှာ ဘာစီလိုနာကို အနိုင်ကစားပြီး ရီးယဲလ် မက်ဒရစ် စိတ်ဓာတ်မြှင့်တင်ထားတယ်။ ဒါကို ပြိုမကျသွားအောင် ဆက်ထိန်းထားဖို့လိုနေတယ်။ အခုရင်ဆိုင်ရမယ့် ဘက် တစ်ကတည်း ရီးယဲလ်နဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အမြဲလို လိုဒုက္ခပေးနေတဲ့အသင်းဖြစ်နေတော့ ရီးယဲလ်အတွက် ပြိုင် ဘက်ကောင်းနောက်တစ်သင်းပါပဲ။ အထူးသဖြင့် ဘက်တစ်ရဲ့ အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ (၅)ဂိုးအထိသွင်းထားနိုင်တဲ့တိုက် စစ်ပိုင်းက ရီးယဲလ်ခံစစ်ကို အဓိကခြိမ်းခြောက်နိုင်တဲ့ နေရာ ဖြစ်နေတယ်။ ရီးယဲလ်ခံစစ်ကလည်း ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲမှာ ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့တစ်ပွဲတည်းဂိုးမပေးရအောင် က စားနိုင်ခဲ့ပြီး ကျန် (၅)ပွဲဆက်ဂိုးတွေပေးခဲ့ရတာကိုကြည့်ရင် ရီးယဲလ်ခံစစ် စိတ်မချရသေးဘူးလို့ပြောနိုင်တယ်။ ဒါပေမဲ့ လက် ရှိ ရီးယဲလ်

စိတ်ဓာတ်ပိုင်းတက်နေတာ၊ ဘက်တစ်ခံစစ်ပိုင်း အား နည်းတာတွေက ရီးယဲလ်အတွက် ဂိုးတွေပြန်မျှော်လင့်လို့ရ နေတာအမှန်ပဲ။

တိုက်စစ်အားပြိုင်မယ့်ပွဲမှာ အပြန်အလှန်သွင်း ဂိုးတွေမြင်နိုင်ပြီး ရီးယဲလ်နိုင်ရင်တောင် ပြတ်သားဖို့မလွယ်ဘူး။

 

Most Read

Most Recent