ဘွန်ဒစ်လီဂါပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်
Published 7 March 2020

 

ဝုလ်ဖ်ဘတ် နှင့် လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်အနေနဲ့ ချန်ပီယံဆုအတွက် အမှားခံလို့မရပေ မယ့် ဒီပွဲပြီးရင် စပါးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိတာ ထည့်တွက်ရမှာပါ။ ရလဒ်ကောင်းနေတဲ့ ဝုလ်ဖ်ဘတ်ကိုပဲ အရဲ စွန့်ရွေးချင်တယ်။ 

ဟာသာဘာလင် နှင့် ၀ါဒါဘရီမင် (စနေည ၉းဝ၀ နာရီ)

၀ါဒါဘရီမင်က နောက်ဆုံး(၁၀)ပွဲမှာ (၉)ပွဲအထိ အရေးနိမ့်ပြီး (၇)ပွဲက ဂိုးပေါက်ပျောက်ခဲ့ရတယ်။ အခုပွဲလည်း ဘာ လင်မြေမှာ ၀ါဒါဘရီမင် ထပ်အရှုံးပေးရဖို့များတယ်။

လေဗာကူဆင် နှင့် ဖရန့်ဖတ် (စနေည ၉းဝ၀ နာရီ)

လေဗာကူဆင်အသင်း နိုင်ပွဲဆက်မှု ရပ်တန့်သွားပေမယ့် ဖရန့်ဖတ်ထက်တော့ အသင်းလိုက်ပိုငြိမ်ပါတယ်။ လေဗာကူဆင်ပဲ အနိုင်ရဖို့များတယ်။

ဖရိုင်းဘတ် နှင့် အူန်ယွန်းဘာလင် (စနေည ၉းဝ၀ နာရီ)

အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့အသင်းတွေ တွေ့ဆုံကြတာပါ။ ဖရိုင်းဘတ်အသင်း နိုင်ပွဲပြန်တွေ့ဖို့များတယ်။ 

ရှော်လ်ကေး နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)

လတ်တလောနိုင်ပွဲပျောက်နေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာဖြစ်ပြီး ဟော်ဖန်ဟင်မ်က ရှော်လ်ကေးလောက် အခြေအနေမဆိုးလို့ အမှတ်ရနိုင်တယ်။

မိုချန်ဂလာဘတ် နှင့် ဒေါ့မွန် (စနေည ၁၂းဝ၀ နာရီ)

နောက်ပိုင်းတွေ့ဆုံမှုတွေက အံ့အားသင့်စရာကောင်းပြီး ဒေါ့မွန်အသင်း ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက် အနိုင်ယူထားတာ တွေ့ရတယ်။ အဓိကနောက်ခံလူ ဟမ်းမဲလ် ပါဝင်ဖို့မသေချာတာလွဲလို့ ဒေါ့မွန်ခံစစ်နဲ့ကွင်းလယ်က တည်ငြိမ်ပါတယ်။ ဒေါ့မွန်က နိုင်ပွဲတွေပြန်ဆက်နေပေမယ့် ဂိုးသွင်းအားက တဖြည်းဖြည်းပြန်ကျလာတယ်။ ဒါ့ပြင် ဒေါ့မွန်က ဒီပွဲပြီးရင် PSG နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲ ကစားဖို့ရှိနေပြီး မိုချန်ဂလာဘတ်ကတော့ ဖလားပွဲတွေမရှိလို့ ဘွန်ဒစ်လီဂါတစ်ခုတည်းကိုသာ အာရုံစိုက်ခွင့်ရနေတာက တစ်ပန်းသာပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ သရေကျထားပေမယ့် မိုချန်ကစားပုံက ယုံကြည်မှုပြန်ရှိနေပြီး ဘာမဆိုလုပ်ပြနိုင်စွမ်းရှိနေတယ်။ မိုချန်ဂလာဘတ် အမှတ်ရသွားနိုင်တယ်။

 

Most Read

Most Recent