ယခုတစ်ပတ်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် စီးရီးအေပွဲစဉ်(၂၇)နေရာ၌ ပွဲစဉ်(၂၆)မှ ရွှေ့ဆိုင်းခဲ့သော (၆)ပွဲကို အစားထိုးယှဉ်ပြိုင်မည်

ယခုတစ်ပတ်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် စီးရီးအေပွဲစဉ်(၂၇)နေရာ၌ ပွဲစဉ်(၂၆)မှ ရွှေ့ဆိုင်းခဲ့သော (၆)ပွဲကို အစားထိုးယှဉ်ပြိုင်မည်
Photos: Sky Sports & Getty Images
Photos: Sky Sports & Getty Images
Published 6 March 2020

ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေရသော စီးရီးအေပြိုင်ပွဲသည် ယခုတစ် ပတ်ယှဉ်ပြိုင်မည့် ပွဲစဉ်များနှင့်ပတ်သက်၍ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြန်ကြောင်း သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေရသော စီးရီးအေပြိုင်ပွဲသည် ယခုတစ် ပတ်ယှဉ်ပြိုင်မည့် ပွဲစဉ်များနှင့်ပတ်သက်၍ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြန်ကြောင်း သိရသည်။ 

ယခုတစ်ပတ် ယှဉ်ပြိုင်ရန် စီစဉ်ထားသော စီးရီးအေပွဲစဉ်(၂၇)နေရာ၌ ပြီးခဲ့သည့် ပွဲစဉ်(၂၆)မှ ရွှေ့ဆိုင်းခဲ့သော (၆)ပွဲကိုသာ အစားထိုးယှဉ်ပြိုင်သွားရန် စီးရီးအေပြိုင်ပွဲ တာဝန်ရှိသူများက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

    

မူလက အဆိုပါပွဲစဉ်(၆)ပွဲကို မေလမှ ယှဉ်ပြိုင်ရန် ရွှေ့ဆိုင်းထားခဲ့သော်လည်း ကြာသပတေးနေ့က အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယခုတစ်ပတ်ပွဲစဉ်များနေရာ၌ အစား ထိုးယှဉ်ပြိုင်စေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပရိသတ်များစောင့်မျှော်နေသော ဂျူဗင်တပ်စ်-အင်တာမီလန်ပွဲကို ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် မြင်တွေ့ရတော့မည် ဖြစ်သည်။ 

ယင်းပွဲအပါအဝင် ပါးမား- SPAL၊ အေစီမီလန်-ဂျီနိုအာ၊ ဆမ်ဒိုးရီးယား-ဗီရိုနာ၊ အူဒီးနီးစ်-ဖီအိုရင်တီးနားပွဲများကို တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဆာဆူအိုလို-ဘရက်စီယာပွဲကိုမူ တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ထို့ပြင် အဆိုပါပွဲစဉ်အားလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်က စားရမည်ဖြစ်ကြောင်းလည်း သိရသည်။

    

အီတလီနိုင်ငံတွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၃၂ဝဝ)ကျော်ရှိ ပြီဖြစ်သလို၊ သေဆုံးသူမှာလည်း (၁၄၀)ကျော် ရှိပြီဖြစ်၍ အားကစားပွဲများ၌ လူစုလူဝေးမဖြစ်စေရန် အဓိကထိန်းသိမ်းနေရသည်။ 

အစိုးရတာဝန်ရှိသူများက စီးရီးအေပွဲစဉ်များကို ယခုလအတွင်း ယှဉ်ပြိုင်စေခြင်းမပြုရန် ဆန္ဒရှိနေသော်လည်း စီးရီးအေတာဝန်ရှိသူများ၏ တောင်းဆိုမှုကြောင့် အနည်းဆုံးဧပြီလ(၃) ရက်နေ့အထိ ကွင်းပိတ်ယှဉ်ပြိုင်စေရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေခြင်းကြောင့် ယခုလကုန်တွင် ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် ဂျာမနီ-အီတလီခြေစမ်းပွဲကိုလည်း ဂျာမနီဘက်မှ ဖျက်သိမ်းဖွယ်ရှိနေကြောင်း သိရသည်။

■ ယခုတစ်ပတ် ယှဉ်ပြိုင်မည့် စီးရီးအေ(၆)ပွဲ

၈-၃-၂၀၂၀    

ညနေ ၆:ဝဝ နာရီ         ပါးမား - SPAL    

ည ၈:၃၀ နာရီ        အေစီမီလန် - ဂျီနိုအာ    

ည ၈:၃၀ နာရီ        ဆမ်ဒိုးရီးယား - ဗီရိုနာ    

ည ၁၁:၃၀ နာရီ        အူဒီးနီးစ်- ဖီအိုရင်တီးနား    

၉-၃-၂၀၂၀    

နံနက် ၂:၁၅ နာရီ         ဂျူဗင်တပ်စ် - အင်တာမီလန်    

ည ၁၂:ဝဝ နာရီ        ဆာဆူအိုလို - ဘရက်စီယာ    

 

Most Read

Most Recent