ICJ တွင် မြန်မာဘက်က ခုခံချေပသည့် ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဟောပြော

ICJ တွင် မြန်မာဘက်က ခုခံချေပသည့် ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဟောပြော
Published 5 March 2020
လွင်မျိုးသူ

နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာဘက်က ခုခံချေပသည့် ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ်သည် ယနေ့ မတ် ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ လာရောက် ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် နိုင်ငံတကာဥပဒေ အကြောင်းနှင့် Genocide အကြောင်းအား အဓိကထား ပြောကြားသွားကြောင်း လာရောက် နားထောင်သူများက ပြောကြားချက်အရ သိရသည်။

ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တို့မှ ဥပဒေပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် နိုင်ငံရေးသိပ္ပံ ကျောင်သား ကျောင်းသူ တစ်ထောင်ခန့် တက်ရောက်ခဲ့‌‌ကြောင်း သိရသည်။

 

 

Most Read

Most Recent