ပရီးမီးယားလိဂ်တွင် VAR ကြောင့် အကျိုးရှိမှုအများဆုံးအဖြစ် မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်

ပရီးမီးယားလိဂ်တွင် VAR ကြောင့် အကျိုးရှိမှုအများဆုံးအဖြစ် မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်
Photos: Getty Images
Photos: Getty Images
Published 4 March 2020

မန်ယူအသင်းသည် VAR ကြောင့် ပြန် ပြင်ဆင်ရမှု ၁၀ ကြိမ်ရှိခဲ့ပြီး ဂိုးရရှိမှု တစ်ကြိမ်၊ ဂိုးမရရှိမှု မရှိ၊ ပြိုင်ဘက်ကို ဂိုးပေးရမှု တစ်ကြိမ်၊ ပြိုင်ဘက်ကို ဂိုးမပေးရမှု ခြောက်ကြိမ် နှင့် အသားတင် ခြောက်ကြိမ်၊ အခြားဖြစ်ရပ်များတွင် အသာရမှု ခြောက်ကြိမ်၊ အသာမရမှု မရှိနှင့် အသားတင် ခြောက်ကြိမ်ရှိခဲ့သည်။ ထို့ကြောင့် ဂိုးနှင့်ပတ်သက်ပြီး အကျိုးရှိမှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက အညွှန်းကိန်း +၈ ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် VAR စနစ်ကြောင့် အကျိုးရှိ မှုအများဆုံးအသင်းအဖြစ် နာမည်ကြီး မန်ယူအသင်းက ထိပ်ဆုံး၌ရပ်တည်နေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

ESPN က ပရီးမီးယားလိဂ်အသင်းတိုင်း VAR ကြောင့်အကျိုးရှိမှု အနည်းဆုံးတစ်ကြိမ် စီရှိခဲ့ပြီး နယူးကာဆယ်အသင်းမှာ VAR ဖြင့် ပြန်လည်ဆုံးဖြတ်ခံရမှု အနည်းဆုံးအဖြစ် တစ်ကြိမ်သာရှိခဲ့သည်။ ယခုရာသီတွင် VAR ပြန်ကြည့်ကာ ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့သည့်ဖြစ်ရပ်ပေါင်း ၈၅ ခုရှိခဲ့ပြီး ဂိုးပေးမှု ၂၁ ဂိုး၊ ဂိုးမပေးမှု ၄၆ ကြိမ်၊ ပယ်နယ်တီပေးမှု ၁၅ ကြိမ်(ခုနစ်ကြိမ်လွဲချော်)၊ ပယ်နယ်တီပယ်ဖျက်မှု လေးကြိမ်(တစ်ကြိမ်မှာ လူကျွံဘောအဖြစ် သတ်မှတ်ခံရ)၊ ပယ်နယ်တီပြန်ပေးမှု တစ်ကြိမ်(တစ်ကြိမ်သာ ဂိုးဝင်၊ သုံးကြိမ်လွဲ ချော်)၊ လူကျွံမှုကြောင့် ဂိုးမပေးမှု ၂၈ ကြိမ်၊  မမှန်ကန်သည့် လူကျွံမှုကြောင့် ဂိုးပေးမှု ခုနစ်ကြိမ်၊ လက်ထိဘောကြောင့် ဂိုးမပေးမှု ၁၀ ကြိမ်၊ မှားယွင်းသည့် လက်ထိဘောကြောင့် ဂိုးပေးမှု နှစ်ကြိမ်၊ အနီကတ် ငါးကြိမ်နှင့် အနီကတ်ပယ်ဖျက်မှု သုံးကြိမ်အထိရှိခဲ့သည်။ 

VAR ကို ဂိုး/မဂိုး၊ ပယ်နယ်တီဖြစ်/မဖြစ်၊ တိုက်ရိုက်အနီကတ်(ဒုတိယအဝါမပါ)၊ မှားယွင်းသည့်အခြေအနေ(ဒိုင်လူကြီးမှ မှားယွင်းစွာ အဝါ၊ အနီပြမှုများ)စသည်များတွင် ပြန်လည်ကြည့်ရှုပြီး အဝါကတ်(ဒုတိယအဝါ ကတ်အပါအဝင်)၊ ပြစ်ဒဏ်ဘော(ဂိုးဧရိယာ ပြင်ပ)အခြေအနေများတွင် VAR မကြည့်ရှုကြောင်း သိရသည်။    

မန်ယူအသင်းသည် VAR ကြောင့် ပြန် ပြင်ဆင်ရမှု ၁၀ ကြိမ်ရှိခဲ့ပြီး ဂိုးရရှိမှု တစ်ကြိမ်၊ ဂိုးမရရှိမှု မရှိ၊ ပြိုင်ဘက်ကို ဂိုးပေးရမှု တစ်ကြိမ်၊ ပြိုင်ဘက်ကို ဂိုးမပေးရမှု ခြောက်ကြိမ် နှင့် အသားတင် ခြောက်ကြိမ်၊ အခြားဖြစ်ရပ်များတွင် အသာရမှု ခြောက်ကြိမ်၊ အသာမရမှု မရှိနှင့် အသားတင် ခြောက်ကြိမ်ရှိခဲ့သည်။ ထို့ကြောင့် ဂိုးနှင့်ပတ်သက်ပြီး အကျိုးရှိမှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက အညွှန်းကိန်း +၈ ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ VAR ကြည့်ရှုပြီး ဆုံးဖြတ်ချက်ပြန်ပြင်ဆင်မှုများတွင်လည်း မန်ယူအသင်းက ကိုးကြိမ်အထိ အကျိုးရှိခဲ့ကာ ဘရိုက်တန်အသင်းနှင့် ထိပ်ဆုံး၌ ပူးတွဲရပ်တည်ခဲ့သည်။ 

အခြားပရီးမီးယားလိဂ်ထိပ်တန်းအသင်းများ ထဲတွင် လီဗာပူးလ်၊ မန်စီးတီးနှင့် စပါးအသင်းများက ဂိုးနှင့်ပတ်သက်သည့် အကျိုးရှိမှု အညွှန်းကိန်း (+၁)စီရှိခဲ့ပြီး အာဆင်နယ်မှာ (-၂)နှင့် ချယ်လ်ဆီးမှာ (-၄)သာရှိခဲ့သည်။ ဆုံးဖြတ်ချက်ပြန်ပြင်ဆင်မှုများတွင် မန်စီးတီး ခုနစ်ကြိမ်အနက် ခြောက်ကြိမ်၊ စပါးက ၁၁ ကြိမ်အနက် ခြောက်ကြိမ်၊ လီဗာပူးလ်က ခုနစ်ကြိမ်အနက် လေးကြိမ်၊ ချယ်လ်ဆီးက ၁၀ ကြိမ်အနက် သုံးကြိမ်၊ အာဆင်နယ်က ခြောက်ကြိမ်အနက် နှစ်ကြိမ် အသာရခဲ့သည်။

 

Most Read

Most Recent