လူငယ်ကစားသမားများအပေါ်ယုံကြည်မှုရှိသည်ဟု အာဆင်နယ်နည်းပြ အာတီတာ ဆို

လူငယ်ကစားသမားများအပေါ်ယုံကြည်မှုရှိသည်ဟု အာဆင်နယ်နည်းပြ အာတီတာ ဆို
Photo: Getty Images
Photo: Getty Images
Published 4 March 2020

မတ်လ (၂) ရက်ကယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပြိုင်ပွဲ ပ ဉ္စမအဆင့် ပို့စ်မောက် (ဝ-၂)ပွဲအပြီးတွင် အာဆင်နယ်အသင်းရှိ လူငယ်ကစားသမားများအပေါ် ယုံကြည်မှုရှိကြောင်းနှင့် ၎င်းတို့မှာ အရဲစွန့်ရကျိုးနပ်သူများဖြစ်ကြောင်း နည်းပြဖြစ်သူ အာတီတာက မှတ်ချက်ပြုခဲ့သည်။

ယင်းပွဲ၌ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းနာကျင်အချိန်ပိုတွင် ဆိုကရာတစ်၊ (၅၁) မိနစ်တွင် ကယ်တီယာတို့က သွင်းယူပေးခဲ့ကြသည်။ 

အာဆင်နယ်အသင်းသည် ဆာကာ၊ ရီးစ်နယ်လ်ဆင်၊ ဝဲလက်ခ်၊ မာတင်နယ်လီ၊ ဂန်ဒူဇီစသည့် လူငယ်ကစားသမားများနှင့် ပွဲထွက်ခဲ့ပြီး ဇန်နဝါရီလကခေါ်ယူထားသည့် စပိန်နောက်ခံလူ ပါဘလိုမာရီမှာ မိနစ် (၉၀) ပြည့် ကစားသွားခဲ့သည်။ 

"ဒါက ခက်ခဲတဲ့နေရာပေးမှုဖြစ်ပေမယ့် ဒီကလေးတွေအပေါ်မှာ ကျွန်တော် ယုံကြည်မှုရှိပါတယ်။ သူတို့ဟာ အမြဲတမ်း တုံ့ပြန်မှုကောင်းပြီး ဘာလုပ်ရမလဲဆိုတာကို သိရှိသူတွေပါ။ သူတို့မှာ အရည်အသွေးရှိပြီး ခက်ခဲမှုတွေကို ရင်ဆိုင်ဖို့အတွက် ဆန္ဒပြင်းပြကြသူတွေပါ"ဟု အာတီတာက BT Sport သို့ ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် FA ဖလားပြိုင်ပွဲ နောက်ဆုံး (၇)ရာသီတွင် ကွာတားဖိုင်နယ်သို့ (၅)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ကွာတားသို့ နောက်ဆုံးရောက်ရှိခဲ့သည့် ၂၀၁၆-၁၇ ရာသီတွင် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent