မိခင်ဖြစ်သူ ဆေးရုံတက်ရသဖြင့် ပေါ်တူဂီသို့ စီရော်နယ်လ်ဒို ပြန်သွားခဲ့ကြောင်း ပေါ်တူဂီမီဒီယာများ ဖော်ပြ

မိခင်ဖြစ်သူ ဆေးရုံတက်ရသဖြင့် ပေါ်တူဂီသို့ စီရော်နယ်လ်ဒို ပြန်သွားခဲ့ကြောင်း ပေါ်တူဂီမီဒီယာများ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 3 March 2020

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဦးနှောက်သွေးခဲမှုကြောင့် ဆေးရုံတက်နေရသည့် မိခင်ဖြစ်သူနှင့်အတူ ရှိနေရန်အတွက် ပေါ်တူဂီသို့ ပြန်သွားခဲ့ကြောင်း ပေါ်တူဂီမီဒီယာများက ဖော်ပြခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဦးနှောက်သွေးခဲမှုကြောင့် ဆေးရုံတက်နေရသည့် မိခင်ဖြစ်သူနှင့်အတူ ရှိနေရန်အတွက် ပေါ်တူဂီသို့ ပြန်သွားခဲ့ကြောင်း ပေါ်တူဂီမီဒီယာများက ဖော်ပြခဲ့သည်။ 

ပေါ်တူဂီမီဒီယာများ၏ ဖော်ပြမှုအရ စီရော်နယ်လ်ဒို၏ မိခင်ဖြစ်သူ ဒိုလာရက်စ် (၆၅ နှစ်)သည် မတ်လ (၃)ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ဦးနှောက်သွေးခဲမှုကြောင့် မွေးရပ်မြေ မာဒီယာကျွန်းရှိ Nelio Mendonca ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း သိရသည်။ 

သို့သော် လက်ရှိတွင် ဒိုလာရက်စ်၏ ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

စီရော်နယ်ဒိုသည် မိခင်ဖြစ်သူ၏ သတင်းကို ကြားပြီးနောက် ကိုယ်ပိုင်လေယာဉ်ဖြင့် ပေါ်တူဂီသို့ ပြန်သွားခဲ့သော်လည်း မတ်လ (၄)ရက်တွင် ကစားမည့် အေစီမီလန်အသင်းနှင့် ကိုပါအီတာလီဖလားပွဲမတိုင်မီ ပြန်လာမည်ဖြစ်ကာ အဆိုပါပွဲတွင် ပါဝင်ကစားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်း၏ ပြောရေးဆိုခွင့်သူတစ်ဦးက စီရော်နယ်လ်ဒိုသည် ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် အင်္ဂါနေ့က ပြုလုပ်သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒို၏ မိခင်ဖြစ်သူ ဒိုလာရက်စ် ပြန်လည်ကျန်းမာလာရန်အတွက် လူမှုကွန်ရက်တွင် ဆုတောင်းသူများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။ 

 

Most Read

Most Recent