FA ဖလားပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်းကို လမ်းပတ် ချီးကျူး

FA ဖလားပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်းကို လမ်းပတ် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 3 March 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယခုရာသီတွင် လီဗာပူးလ်အသင်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်နေဆဲဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယခုရာသီတွင် လီဗာပူးလ်အသင်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်နေဆဲဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ဖေဖော်ဝါရီ (၂၉)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်ဖို့ဒ်အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လိဂ်ပြိုင်ပွဲ (၄၄)ပွဲဆက်ရှုံးပွဲမရှိ စံချိန်ရပ်တန့်ခဲ့ရသည်။ 

ထို့ပြင် လီဗာပူးလ်အသင်းသည် ဝက်ဖို့ဒ်အသင်းနှင့် ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင်လည်း အက်သလက်တီကိုအသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ လီဗာပူးလ်အသင်း ခြေကျနေပြီဟု သုံးသပ်မှုများ ရှိနေသည်။ 

သို့သော် လမ်းပတ်က လီဗာပူးလ်အသင်းအနေဖြင့် ဝက်ဖို့ဒ်အသင်းနှင့်ပွဲမှ အရှုံးကို တုံ့ပြန်လာမည်ဖြစ်သဖြင့် ယနေ့ည ကစားမည့်ပွဲစဉ်မှာ မိမိတို့အတွက် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လမ်းပတ်က "ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်လွန်းတာကြောင့် လီဗာပူးလ်အနေနဲ့ တစ်ပွဲရှုံးပွဲ ကြုံခဲ့တာပါ။ ဝက်ဖို့ဒ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ လူသားတွေ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီနဲ့ ဒီရာသီအတွင်း လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီရာသီမှာဆိုရင် လီဗာပူးလ်အသင်းက အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ လီဗာပူးလ်နဲ့ပွဲက ကျွန်တော်တို့အတွက် လွယ်ကူတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် လမ်းပတ်က ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းမှာ စံနမူနာယူစရာကောင်းသည့် အသင်းဖြစ်သော်လည်း မိမိအနေဖြင့် ချယ်လ်ဆီးအသင်းကို တည်ဆောက်ရာတွင် မိမိနည်း၊ မိမိဟန်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent