ဂျပန်ပရိသတ်များကို  နှင်ထုတ်ခဲ့ခြင်းအတွက် လိုက်ပ်ဇစ်အသင်း ပြန်လည်တောင်းပန်

ဂျပန်ပရိသတ်များကို  နှင်ထုတ်ခဲ့ခြင်းအတွက် လိုက်ပ်ဇစ်အသင်း ပြန်လည်တောင်းပန်
Photo: AFP
Photo: AFP
Published 3 March 2020

ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းသည် တနင်္ဂနွေနေ့က လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဂျပန်ပရိသတ်များကို ကွင်းအတွင်းမှ နှင်ထုတ်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ 

ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းသည် တနင်္ဂနွေနေ့က လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဂျပန်ပရိသတ်များကို ကွင်းအတွင်းမှ နှင်ထုတ်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ 

ယင်းပွဲကို ဂျပန်ပရိသတ်(၂၀)ဦး လာရောက်ကြည့်ရှုခဲ့ရာ ကွင်းလုံခြုံရေးများက ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်လန့်ကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းဖြစ်ရပ်ကို လူမျိုးရေးခွဲခြားမှုဟု ဝေဖန်ပြစ်တင်မှုများရှိလာသည့်အတွက် လိုက်ပ်ဇစ်အသင်းက ကြေညာချက်ထုတ်ပြန်ကာ တောင်းပန်ခဲ့ရခြင်းဖြစ်သည်။ 

လိုက်ပ်ဇစ်အသင်းက အဆိုပါဂျပန်ပရိသတ်များကို လာမည့် အိမ်ကွင်းပွဲစဉ်တွင် လာရောက်ကြည့်ရှုရန်လည်း ဖိတ်ခေါ်ခဲ့သည်။ 

သို့သော် လိုက်ပ်ဇစ်အသင်း၏ လုပ်ရပ်ကို ဂျပန်လူမျိုးများ ကျေနပ်ခြင်းမရှိဘဲ လူမှုကွန်ရက်များတွင် ဝေဖန်ခဲ့ကြောင်း သိရသည်။ 

လိုက်ပ်ဇစ်အသင်းသည် မတ်လ (၁၀)ရက်တွင် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။ 

လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၏ ပြည်နယ်(၁၀)ခု၌  ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရောက်ရှိနေပြီဟုလည်း သိရသည်။

 

Most Read

Most Recent