ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများ မလုပ်မရှုပ်မပြုတ် လုပ်နေဟု NLD လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများ မလုပ်မရှုပ်မပြုတ် လုပ်နေဟု NLD လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်
Published 22 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အ ပါအဝင် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန များသည် မလုပ်မရှုပ်မပြုတ်လုပ်နေကြောင်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ်၏လွှတ်တော်အတွင်းဆွေးနွေးချက်အား ပြည် ထောင်စုလွှတ်တော်မှတ်တမ်းမှ နုတ်ပယ် ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၂၁ ရက်ကပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေး ပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီ ရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ ဒုတိယအတွဲ(၁/ ၂၀၂၀)ကို  ဖေဖော်ဝါရီ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရာ လွှတ်တော်ကိုယ််စားလှယ်တစ် ဦးဖြစ်သည့် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆန်းက ယင်းကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ ဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများမှာ မလုပ်မရှုပ်မပြုတ်လုပ်နေ ကြမယ်ဆိုပါက နောက်လာမယ့်နှစ်စာရင်း လည်း နောက်ထပ်တွေ့ရှိပြဿနာစာရင်းများ ထည့်ပေါင်းပြီး ယခုအစီရင်ခံစာအတိုင်း ပြန် ကူးရေးချရုံဖြစ်နေပါမယ်”ဟု မကွေးတိုင်းဒေ သကြီးမဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ် ဦးလှဆန်းက ပြောကြားသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆန််း၏ ဆွေးနွေးချက်နှင့်ပတ်သက်ပြီး တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး   မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ပြောကြားသည်။

“ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ ဖြစ်သော ဆိုတဲ့စကားရပ်ကနေ ယခုအစီရင်ခံ အတိုင်း ပြန်ကူးရေးချရုံပဲ ဖြစ်နေပါမယ်ဆိုတဲ့ စကားအထိ ပြောကြားချက်များဟာ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (င)(ဋ)တို့နဲ့ မညီညွတ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် တင်ပြပါဆွေးနွေး ချက်များကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ် ပြီးဖြစ်ကြောင်း ကြေညာအပ်ပါတယ်”ဟု ပြည်ထောင်စုနာယက,က ပြောကြားသည်။

 

 

Most Read

Most Recent