အင်တာမိုင်ယာမီအသင်း၌လာကစားရန် ဘက်ခမ်၏ကမ်းလှမ်းမှုကို နေမာ လက်ခံခဲ့ပြီး တစ်နေ့နေ့တွင်ဖြစ်လာမည်ဟု တုံ့ပြန်

အင်တာမိုင်ယာမီအသင်း၌လာကစားရန် ဘက်ခမ်၏ကမ်းလှမ်းမှုကို နေမာ လက်ခံခဲ့ပြီး တစ်နေ့နေ့တွင်ဖြစ်လာမည်ဟု တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 12 February 2020

 

Youtube Channel တစ်ခုဖြစ်သော OTRO ၏ ရုပ်သံအစီအစဉ် ဖြစ်သည့်"Legend on Legends"စီးရီးစ်၌ ၎င်းတို့နှစ်ဦး အပြန်အလှန်ကစားပြောဆိုမှု ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

 

 

 

အင်္ဂလန်နာမည်ကျော်ဘောလုံးသမား ဟောင်း ဒေးဗစ်ဘက်ခမ်က ၎င်းင်းပူးတွဲပိုင်ဆိုင် သည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်း၌ နေမာကို လာရောက်ကစားရန် ကမ်းလှမ်းခဲ့ပြီး နေမာကလည်း လက်ခံခဲ့ကာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကစားမည်ဟု  ပြန်လည်တုံ့ပြန်ခဲ့သည်။ 

Youtube Channel တစ်ခုဖြစ်သော OTRO ၏ ရုပ်သံအစီအစဉ် ဖြစ်သည့်"Legend on Legends"စီးရီးစ်၌ ၎င်းတို့နှစ်ဦး အပြန်အလှန်ကစားပြောဆိုမှု ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်ဘက်ခမ်က "အမေရိကမှာ ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကဟာ တခြား အားကစားနည်းတွေထဲက နံပါတ်တစ်၊ နှစ် နဲ့ သုံးအဆင့်ရှိတဲ့ပြိုင်ပွဲတွေ သူတို့မှာ ရှိပြီး သားပါ။ အခုချိန်မှာ ဘောလုံးဟာ လျင်မြန် စွာကြီးထွားနေတယ်။ ဒါဟာ အမေရိကအ တွက် ကမ္ဘာကျော်ကစားသမားတွေကို ခေါ် ယူနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ပဲလို့ ယူဆပါတယ်။ ဒါကြောင့် အခုအစီအစဉ်ပြီး ရင် စာရွက်တစ်ရွက်ပေါ်မှာ ခင်ဗျားကို လက် မှတ်ထိုးစေဖို့ ကြိုးစားမယ်။ စာရွက်အလွတ် ပေါ်မှာပါ။ ဒါဟာ မိုင်ယာမီအသင်းရဲ့စာချုပ် ဖြစ်ပြီး နောင်ဆယ်နှစ်အကြာမှာ ဖြစ်လာမယ့်အရာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငွေအ မြောက်အမြားတော့ မပေးနိုင်ပါဘူး" ဟု ပြေကြားခဲ့သည်။ 

ဘက်ခမ်၏ပြောကြားမှုကို နေမာက "စာချုပ်လား၊ တစ်စုံတစ်ယောက်က ကျွန်တော့်ကို သူ့အသင်းအတွက် ကစားပေး မလားမေးခဲ့တယ်။ ကျွန်တော်ကလည်း က စားချင်တယ်။ ဒါက သူ့ကို ပြောပြီးသားပါ။  တစ်နေ့မှာ အဲဒီအသင်းအတွက် ကစားပေး မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အမှန်တ ကယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိက အတွက် ဘောလုံးလောကတိုးတက်စေဖို့ ကြီး မားတဲ့အခွင့်အရေးတစ်ခုရှိနေတယ်ဆိုတာ တော့ ကျွန်တော် ယုံကြည်ပါတယ်။ ခုနက ဒေးဗစ်နဲ့သဘောတူညီမှုယူထားပြီးသားဆို တဲ့စကားကို ကျွန်တော် ပြောခဲ့ပါတယ်။ လာ မယ့်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် အဲဒီမှာ ရှိနေလိမ့်မယ်ထင်တယ်။ ကျွန်တော် တို့ အတူ လက်တွဲ အလုပ်လုပ်ကြမယ်။ သူဟာ ကျွန်တော့်ရဲ့ဥက္ကဋ္ဌပါပဲ" ဟု ရယ်လျက် ပြန်လည်တုံ့ပြန်ခဲ့သည်။ 

ထို့ပြင် နေမာက ဘက်ခမ်သည် သူ၏ငယ်ဘဝသူရဲကောင်းတစ်ဦး ဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ နေမာသည် လက်ရှိကလပ် PSG အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပြီး ခဲ့သည့် နိုဝင်ဘာလအတွင်းက PSG အသင်း၏စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ သည်။ 

ဘက်ခမ်ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းမှာ ယခုရာသီ မေဂျာလိဂ် ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်မည့်အသင်းသစ် ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent