တံကောက်ကြောဒဏ် ရာရရှိထားသည့် စတာလင် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဟု ဂွါဒီယိုလာပြောကြား

တံကောက်ကြောဒဏ် ရာရရှိထားသည့် စတာလင် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဟု ဂွါဒီယိုလာပြောကြား
Photos: Getty Images
Photos: Getty Images
Published 9 February 2020

တံကောက်ကြောဒဏ် ရာရရှိထားသည့် စတာလင်အနေ ဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

 

တံကောက်ကြောဒဏ် ရာရရှိထားသည့် စတာလင်အနေ ဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

"ဒါက တံကောက်ကြောဒဏ်ရာပါ။ အခြေအနေကို စောင့်ကြည့်ရပါမယ်။ ဒီဒဏ်ရာအတွက် ရက်သတ္တပတ်တစ်ပတ်မက အချိန်ပေးရနိုင်ပါတယ်။ ဒါပေမဲ့ လက်စတာ၊ မက်ဒရစ်တို့နဲ့ ပွဲတွေအပါအဝင် ကျန်တဲ့ပွဲတွေမှာ ကစားဖို့ သူကြံ့ခိုင်မှုပြည့်မလားဆိုတာ ကြည့်ရပါဦးမယ်။ ဒါက ကျွန်တော်တို့အတွက် ပြဿနာတစ်ခုလားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒီလိုပြဿနာမျိုးကို လွန်ခဲ့တဲ့နှစ်ရာသီတုန်းက ဂွန်ဒိုဂန်၊ ဒီရာသီမှာ လာပေါ့တ်တို့နဲ့ ရင်ဆိုင်ရပြီးပါပြီ။ လာပေါ့တ်ကလည်း လေးလကနေ ငါးလအထိ မကစားနိုင်ခဲ့ပါဘူး။ ဒါ တွေက ပွဲစဉ်တွေ အများကြီးကစားရတဲ့ရာသီမှာ ရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။ အထူးသဖြင့် ကစားသမားတွေဖြစ်တတ်တဲ့ အခြေအနေပါ" ဟု ဂွါဒီယိုလာက ဆိုသည်။

မန်စီးတီးအသင်းသည် အားလပ်ရက်အပြီးတွင် လက်စတာ၊ ရီးယဲလ်အသင်းတို့ နှင့် ဆက်တိုက်ကစားရမည်ဖြစ်သည်။

Most Read

Most Recent