စီရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်သည်ဟု ယပ်စတင်ကလွိုက်ဗက် ဖွင့်ဟ

စီရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်သည်ဟု ယပ်စတင်ကလွိုက်ဗက် ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 5 February 2020

ရိုးမားတောင်ပံကစားသမား ယပ်စတင်ကလွိုက်ဗက်က ဂျူဗင်တပ်စ်ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ရိုးမားတောင်ပံကစားသမား ယပ်စတင်ကလွိုက်ဗက်က ဂျူဗင်တပ်စ်ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၀) အရွယ်ရှိ ဒတ်ချ်တောင်ပံကစားသမား ယပ်စတင်ကလွိုက်ဗက်သည် ၂၀၁၈ ခုနှစ်တွင် အေဂျက်စ်အသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

ယပ်စတင်ကလွိုက်ဗက်က မိမိအနေဖြင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ကြည့်ကာ ကစားသမားဘဝအတွက် အားယူလေ့ရှိကြောင်း ပြောကြားခဲ့သည်။ 

၎င်းက "စီရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ စံပြကစားသမားပါ။ သူ့ရဲ့ ကွင်းတွင်းစွမ်းဆောင်မှုနဲ့ ကွင်းပြင်နေထိုင်မှုတွေကို ကျွန်တော် အရမ်းလေးစားပါတယ်။ စီရော်နယ်လ်ဒိုကို ကျွန်တော် ငယ်ငယ်ကတည်းက လေးစားခဲ့တာဖြစ်ပြီး သူ့လိုဖြစ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ စီရော်နယ်လ်ဒိုနဲ့ အတူ ဒီနေ့အထိ ဓာတ်ပုံမရိုက်ဖူးသေးပါဘူး"ဟု DAZN သို့ ပြောကြားခဲ့သည်။ 

ယပ်စတင်ကလွိုက်ဗက်က မိမိအနေဖြင့် အနာဂတ်တွင် ဖခင်ဖြစ်သူ ပက်ထရစ်ကလွိုက်ဗက်ကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲလိုကြောင်းလည်း ပြောကြားခဲ့သည်။ 

ယပ်စတင်ကလွိုက်ဗက်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲကစားထားပြီး (၅)ဂိုး သွင်းယူထားသည်။

 

Most Read

Most Recent